ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်“ဘဝဆိုတာ တချိန်တော့ ထားခဲ့ရမှာပဲလေ။ ဒီရောဂါပိုးရှိမှ မဟုတ်ဘူး။ ဒီလိုကျန်တဲ့ ဘဝလေးကို လူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ သဘောထားရှိဖို့ပါပဲ”
ဤစကားကို ကိုယ်တိုင်က HIV ပိုး သယ်ဆောင်သူ ဖြစ်သော်လည်း ယနေ့တိုင် ကျန်းမာသန်စွမ်းနေသည့် ၃၅ နှစ်အရွယ် ကို (အမည်ပြောင်း) က ခွန်အားပါသည့် အသံဖြင့် ပြောဆိုလိုက်သည်။
ထို့အပြင် “ကိုယ့်အသိစိတ်ဓာတ် ပြောင်းလဲသွားတာနဲ့ ဘဝဆိုတာလည်း ပြောင်းလဲသွားတာပါပဲ” ဟုလည်း အတွေးဒဿနကို သူက ဘဝအတွေ့အကြုံနှင့် ယှဉ်ကာ ဖွင့်ဆိုပါသေးသည်။
လွန်ခဲ့သည့် ၃ နှစ်ခွဲခန့်မှ စတင်ကာ ခန္ဓာကိုယ်ထဲကို HIV ပိုး တိုက်ဖျက်ရန် ARV ဆေးဝါးများ မှီဝဲလာခဲ့ရာ ဘေးထွက်ဆိုးကျိုး မခံစားရသည့်အပြင်၊ တနင်္လာနေ့မှ သောကြောနေ့အထိ တနေ့လျှင် အလုပ်ချိန် အနည်းဆုံး ၈ နာရီကြာ လုပ်ကိုင်နေသည်ဟု [...]
ဝေမျှမယ်တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့…
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ [...]
ဝေမျှမယ်
>> Myanmar -မင်းကိုငါချစ်တယ်
>> English – I love you
>> Afrikaans – Ek het jou lief
>> Albanian – Te dua
>> Arabic – Ana behibak (to male)
>> Arabic – Ana behibek (to female)
>> Armenian – Yes kez sirumen
>> Bambara – M’bi fe
>> Belarusian – Ya tabe kahayu
>> Bengali – Ami tomake bhalo bashi
>> Bisaya – Nahigugma ako kanimo
>> [...]
ပေးခဲ့သောစကားသံလေးများ