Log in

Tag Archives: အလွမ်းမျက်ရည်တွေဝေနေတဲ့မြို့မှကြိုဆိုပါ၏

ဝေမျှမယ်ငါမငိုဘူးဒါပေမယ့်မျက်ရည်အလိုလိုကျနေမိတယ်
ငါဝမ်းမနည်းဘူးငါကြေကွဲနေခဲ့တယ်
ငါမင်းရဲ့အဝေးတနေရာကိုတိတ်တဆိတ်ထွက်သွားချင်ပြီ
ငါ့ကိုသံယောဇဉ်တွေမပေးပါနဲ့တော့
ထာဝရနှုတ်ဆက်သွားသင့်ပါပြီကွာ
မင်းလျှောက်မယ့်ဘဝလမ်းမှာခလုတ်မထိမိရင်တော်ပါပြီ
ငါကျေနပ်တယ်
ငါဟာအဖြည့်ခံသက်သက်ပါ…
အရာရာနောက်ကျနေတဲ့လူတယောက်အတွက်တော့
မင်းအနားမှာခေတ္တနေခွင့်တော့ငါရချင်တယ်
ငါတို့အတူတူပျော်ရမဲ့အချိန်တွေနေရမဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပါပြီ
ငါယုံကြည်နေခဲ့တဲ့ငါ့ကံတရားကငါ့ကိုတခါထပ်အသဲကွဲစေခဲ့တယ်
ငါ့ကံတရားပေါ့လေ
ဒါပေမယ့်မင်းကိုသိပ်ချစ်ခဲ့လို့စဉ်းစားခဲ့တာပါချစ်သူရယ်
ထာဝရပျော်ရွှင်နိုင်ပါစေ
Shareဝေမျှမယ်

ဝေမျှမယ်ဆန္ဒတွေကိုရှေ့တန်းတင်လို့မရတော့တဲ့ဘဝမှာ
ငါဟာဖြူစင်ရိုးသားတဲ့ချစ်သူပဲဖြစ်ချင်တယ်

ငါဘယ်တော့မှသူ့ကိုလက်ထက်လို့မရတော့ဘူးဆိုတာပဲ
ငါပျိုးထားတဲ့ပန်းတပွင့်ငါနမ်းခွင့်တော့ရချင်တာပေါ့
ဒါပေမယ့်ငါပေးဆပ်လိုက်ရပြီလေ
ငါဘာကိုမှမလိုချင်ပါဘူးဟာ
သူပျော်နေရင်ကျေနပ်ပါပြီ

ငါကခုချိန်မှာဒုတိယလူပါ
Shareဝေမျှမယ်

ဝေမျှမယ်သစ်ရွက်ကလေးတွေ
ကြွေ ရှာရင်တောင်
သူတို့ကိုလက်ခံမယ့်
မြေပြင်ဆိုတာရှိတယ်
ဝေဒနာ
ဒဏ်ရာတွေနဲ့
ဒီနေ့ရက်တွေမှာ
ငါ့မှာငိုစရာရင်ခွင်တောင်
မရှိပါလား
ကြင်နာသူရက်စက်တဲ့
မာနမျက်နှာနဲ့
ရော်ရွက်ဝါလို
ငါ့ဘ၀က
ထာဝရ
အလှမ်းကွာဆဲပါ

ခရောင်းဆိုတာက
တကယ်တော့ကြမ်းတမ်းတဲ့
ကန္တာရမြေရိုင်းပါ
အဲ့ဒီမြေမှာ
ထွန်ယက်စိုက်ပျိုးလို့
အောင်မြင်ခဲ့ရင်
သခွပ်ပင်တွေတန်းစီပြီး
စိုက်ထားချင်တယ်
သခွပ်ပွင့်တွေပွင့်တိုင်း
အချစ်နဲ့စစ်ခင်းချင်လို့ပေါ့

Shareဝေမျှမယ်

ဝေမျှမယ်
ဝေးကြပြီ ဆိုတဲ့ အတွေး
နှလုံးသားကို ခြောက်လှန့်
မေ့ပစ်ဖို့တော့ မပြောပါနဲ့
အချစ်က သူ့သဘော သူဆောင်
ပြန်ကွေ့စရာ……လမ်း
နှလုံးသားမှာ မရှိဘူး………။
ကိုယ်နှုတ်ခမ်းမလှုပ်ဘဲ
ပြောတဲ့စကားတွေ
မင်းမျက်လုံးနဲ့ နားထောင်တတ်တာ
အချစ်မဟုတ်ဘူးလား……….။
မင်းနဲ့ကိုယ့်ကြား ရိုးရှင်းသလောက်
ဆန်းပြားလွန်းတဲ့ သံယောဇဉ်က
ပါးပါးလေးမဟုတ်တာ
ကိုယ့်နှလုံးသားက သေချာတယ်………။
မင်းမရှိတဲ့နောက်
လေညှင်းက ညနေနှင့်
စစ်ခင်းချိန်ဆို
ဝိညာဉ် လွင့်မတတ်
လွမ်းရုံက လွဲပြီး
မင်းမရှိလည်း
ကိုယ်အဆင်ပြေပါတယ်…………….။
Shareဝေမျှမယ်

ဝေမျှမယ်
စည်း
အပြုံးမပျက် လှည့်ထွက်ပြီးခါမှ
မျက်ရည်စတွေက လွင့်ကနဲ………….
ခြေလှမ်းတွေ စတင် ကျောခိုင်းတော့
ခံစားချက်တွေက နင့်ကနဲ………..
Shareဝေမျှမယ်

ဝေမျှမယ်နင့် missed call တစ်ခုက
ငါ့ရင်ထဲကို ၀ုန်းဒိုင်းကြဲ
နင့် SMS တစ်ခုလေးဟာဆိုရင်
ငါ့အတွက် အိပ်လို့တောင် ပျော်ပါ့မလားပဲ
နင့်ဖုန်းသံ Incall ဟာလည်း
အရာရာကို ရင်ဆိုင်ရဲစေတဲ့  အင်အားလားပဲ
ဒါပေမယ့်လေ……
ကပ်စေးနှဲနင်က Phone လည်းမဆက်
SMS ဆိုရင် 25 Kyats ကိုဘဲ နှမြောလေသလား
မကြီးမငယ် Game ဆော့နေလို့
သွပ်ချာပါဒများ ဆွဲသွားလေသလား?
သြော်…ဒုက္ခ–ဒုက္ခ
မဖြစ်လည်း မဖြစ်သေးပါဘူး
သူက မဆက် ငါက ဆက်မှ
ဘေးမဲ့ ပေးခံရတဲ့ ငါ့ဘ၀။      ။
Shareဝေမျှမယ်

ဝေမျှမယ်အချစ်ဆိုတဲ့ အရာ

အချစ်ဆိုတဲ့ လက်ဝှေ့စင်တစ်ခုပေါ်
ဘယ်သူမှ ဂရုမစိုက်
မိုက်မိုက်ကန်းကန်း စိတ်ပါလက်ပါ
ငါတက်ခဲ့တယ်…………။
ပွဲအပြီးမှာတော့
အရှုံးတွေကို ရင်မှာပိုက်
ကျေကျေနပ်နပ်
ငါပြန်ဆင်းခဲ့တယ်………။
အနိုင်အရှုံး သေချာတဲ့
ပြိုင်ပွဲလို့ ပြောပေမယ့်
နောက်ဆုံးမှာတော့ …
နှစ်ဖက်စလုံး အထိနာရတာ
အဲ့ဒါ ……….အချစ်ပေါ့…….။
Shareဝေမျှမယ်

ဝေမျှမယ်အသုံးမကျတဲ့ငါ
ယုံကြည်တာတွေ အားလုံး ပျောက်ဆုံး
နင်က လျှောက်ပုန်း ဒါတောင် ငါကေ-ာက်သုံးမကျဘဲ ဆက်ကာချစ်
မပြတ်ပါနှင့် ပြောလည်း နင်က ထပ်မလာနဲ့ ဆိုတဲ့ စကားပဲ မရပ်ကာပြောနေတယ်
ငါ့မှာတော့ နေ့တွေ ညတွေ ရက်တွေပါရောနေတယ်
နင်ကတော့ ငါ့ကို အပိုတွေ ထပ်ကာဖောနေဆဲ
တစ်နေ့တစ်ခါတောင် ဖုန်းမဆက်
အဲဒါ ဘာသဘောတွေလဲ?
လာမပြောနဲ့ နားငြီးတယ်
တခြားဆော်တွေနဲ့ တွေ့ရင် နင့်ရဲ့ ရုပ်က သွားဖြီးမယ်
Show ပွဲတွေတိုင်းလည်း အကုန်ကို သွားကြည့်တယ်
တစ်ယောက်ဖြတ်လည်း နောက်တစ်ယောက်ရှိတယ် ဆိုတဲ့
စိတ်ကူးနဲ့ တရားရှိတယ်
နင့်ကိုတော့ လေးစားပါရဲ့
စကားပြောရင် ကလေးကလား အထာနဲ့
ငါ့ကို အမြဲ ဘေးထားတာပဲ
ဒါတွေ ကြိုတွေးထားပါတယ်
ငါ့ဘက်က ချစ်နေတော့လည်း
နင့်ရဲ့ အချစ် ခဏလောက်တော့
ငါ့ကို ပေးသနားပါကွယ်
Shareဝေမျှမယ်

ဝေမျှမယ်ဝေး
ကြင်နာချင်ပေမယ့်
ရင်နာမှာစိုးမိလို့
တိတ်တခိုးပဲ ချစ်ခဲ့သည်
အကြင်နာများပေမယ့်
ဝေဒနာမများချင်လို့
ရင်ထဲမှာပဲ ထားလိုက်ပြီ
ချစ်ခဲ့သော်လည်း
ပစ်ခဲ့မှာမလိုချင်လို့
မငိုရခင်ရှောင်လိုက်ပြီ
Shareဝေမျှမယ်

ဝေမျှမယ်ချစ်သူအတွက်
သည်းမဲစွာ ရွာတဲ့မိုးလို
ငါ့ရင်မှာ နေရာလပ်မကျန်အောင်
တဒင်္ဂတွေ များစွာ ရွာနေပါရောလား… မျက်ဝန်းမိုးရေ…။
လွဲဖယ်မရအောင် ညှို့ယူနိုင်လွန်းတဲ့
မင်းအကြည့်တွေမှာ
ငါ့ရင် တစ်ခု အေးစက်စက်နဲ့
အတိတ်မေ့သွားတယ်…။
ငါ့မျက်နှာတစ်ခုလုံး မိုးရေတွေနဲ့
ငါ့ရင်တစ်ခုလုံး မိုးရေတွေနဲ့…။
မင်းဖန်ဆင်းတဲ့ မိုးရေထဲမှာ
ငါဆိုတာ ရုပ်သေးရုပ်…။
မျက်ဝန်းမိုးရေ…
မင်းခိုင်းသမျှ ခေါင်းညိတ်နေသူက
ငါ့မျက်ဝန်း…။
မင်းမျက်ဝန်းကို
မင်သက်စွာ ငေးမောနေသူက
ငါ့ နှလုံးသား…။
ရင်ခုန်နေတယ် မျက်ဝန်းမိုးရေ…
မင်းရဲ့ အေးစက်ခြင်းမှာ
မင်းရဲ့ အကြည့်များစွာမှာ
ရင်ခုန်သံတွေ
တိုးတိုးလေးနဲ့ နွေးတယ်လေ..
Shareဝေမျှမယ်

ဝေမျှမယ်တခါတခါအချစ်ကြောင့်
တခါတခါစီးပွားရေးကြောင့်
တခါတခါဘ၀ဆိုတာကြောင့်
တခါတခါမိဘတွေကြောင့်
တခါတခါသူငယ်ချင်းဆိုတဲ့လူတွေကြောင့်
ဘာလို့ငါ့အပေါ်မကောင်းကြတာလဲ
လောကကြီးကရောငါ့ကိုဘာလို့မျက်နှာသာမပေးတာလဲ
ငါဒီလိုနေနေရတာအရမ်းမွန်းကြပ်နေပြီ
လူတွေနဲ့ဝေးတဲ့နေရာကိုတယောက်ထဲထွက်သွားချင်တယ်
လောကဓံမုန်တိုင်းပြီးရင်တော့လေပြေလေးတွေလာမယ်လို့မျှော်လင့်ပါတယ်
လေပြေလာတဲ့နေ့တနေ့ကိုငါစောင့်နေမှာပါ
လောကဓံမုန်တိုင်းတွေကြားမှာငါပြေးလွှားရင်းမွန်းကြပ်လာပြီ
ကံကြမ္မာရယ်ငါ့ကိုဘာလို့မျက်နှာသာမပေးတာလဲ
တခါတော့ပေးသင့်ပါတယ်
မွန်းကြပ်မှုတွေများတဲ့လောကကြီးရယ်
ငါ့ကိုထွက်ပေါက်တခုတော့ပေးပါလား
Shareဝေမျှမယ်

ဝေမျှမယ်မိန်းခလေးတွေရဲ့
အချစ်ဆိုတာ
ပန်းလေးတပွင့်လိုပါပဲ
လှပတယ်
နူးညံတယ်
သိမ်မွေ့တယ်
မွှေးပျံ့တယ်
ဒါပေမယ့်
သိပ်မခံဘူး
ပန်းလေးလိုပါပဲ
လေးငါးရက်နေရင်
ပျက်စီးသွားတတ်တယ်
Shareဝေမျှမယ်

ဝေမျှမယ်ရင်ထဲမှာခံစားခက်အောင်
လုပ်ခဲ့တဲ့ချစ်သူရယ်
အိပ်မက်ထဲမှာစစ်ခင်းရင်းနဲ့
မြတ်နိုးမှုတွေနဲ့
ငါ…..ဟိုးခပ်ဝေးဝေးကငေးကြည့်နေပါရစေ
တို့တွေကြုံဆုံခဲ့ရတဲ့
ခဏတာအချိန်လေးမှာ
ငါ့ရဲ့မရိုးသားတဲ့အပြုအမူတွေကို
မတော်တဆများနင်မြင်ခဲ့ရင်
နင်မျက်ဝန်းတွေကိုပိတ်ကာထားပေးပါ
ငါဟာနင့်အတွက်
ဘယ်တော့မှာဟီးရိုးမဖြစ်တော့တဲ့ငါ့ကြောင့်
နင့်ဘ၀ရဲ့သူရဲကောင်းအစစ်ကိုရှာလိုက်ပါ
ချစ်သူရယ်
တချိန်ကနင့်ရဲ့အသံလေးတွေ
ပြန်ကြားရင်လေ
ငါခုချိန်ထိ
ပျော်ရွှင်ကြည်နူးနေဆဲပါ
သီချင်းမကြိုက်တဲ့
နင်ဟာငါ့အတွက်
အလွမ်းသီချင်းလေးတွေ
ဖြစ်နေခဲ့ပြီ
နင်ပြန်လာမလားလို့
မဖြစ်နိုင်မှန်းသိလျှက်နဲ့
ငါ့ရဲ့မနက်ခင်းတိုင်းမှာ
နင့်ကိုမျှော်နေဆဲပါ
ရူးတယ်ပြောပြော
နင်နဲ့အနီးဆုံးနေရာမှာနေချင်တယ်
နင်နဲ့စကားတွေပြောချင်တယ်
နားလည်မှုတွေလွဲခဲ့ပြီး
နင်ငါ့ကိုရွံမုန်းသွားရင်တောင်
ငါကျေနပ်ပါတယ်
နင့်စိတ်ကူးထဲမှာ
နင်အထင်အသေးဆုံးလူထဲမှာ
ဘယ်နေရာမှာဖြစ်ဖြစ်
တခုခုပေါ့
ငါရှိနေရင်ကျေနပ်သွားမှာပါ
ငါကမ်းထားတဲ့လက်ခလေး
တွေကိုကြည့်လိုက်ပါ
သူများတွေပြောတဲ့
မနေ့ကရိုးသားခြင်းများစွာနဲ့
နင့်ကိုစောင့်ကြိုနေတယ်
Shareဝေမျှမယ်