Log in

Tag Archives: News

ဝေမျှမယ်မြန်မာတစ်နိုင်ငံလုံး အင်တာနတ် သုံးစွဲနိုင်ရန် Google ကူညီ
ကမ္ဘာအကြီးဆုံး Search Engine တစ်ခု ဖြစ်သော  Google Inc က မြန်မာတစ်နိုင်ငံလုံး အင်တာနက်လွယ်ကူစွာသုံးနိုင် ရန်ကူညီပေးမည်ဟု ကတိစာချုပ်
ကိုယမန်နေ့ကချုပ်ဆိုလိုက်သည်.. မေလဆန်းပိုင်းမှာ တစ်နိုင်ငံလုံး ကို fiber optics cabel များစတင်ပြေးဆွဲမှာဖြစ်ပြီး 2010 အကုန်တော့ စတင်သုံးစွဲနိုင်မှာဖြစ်
တယ်ဟု Google အင်တာနက်စာမျက်နာတွင်ဖော်ပြထားသည်.
information ကို လွယ်ကူစွာရှိရမည့်ဟု Google ရဲ့ဆောင်ပုဒ်နှင့်အညီ အိမ်တိုင်းတပ်ဆင်ရာတွင် တပ်ဆင်ခကို အခမဲ့ပြုလုပ်သွားမည်ဟု အဆိုပါ အင်တာနက်
စာမျက်နှာတွင်ရေးသားထားသည်.. လစဉ် အင်တာနက်သုံးနူန်းကကို လေး အမေရိကန်ဒေါ်လာ ၃၀ – ၄၀ မျှသာ [...]

ဝေမျှမယ်ပြင်သစ်နိုင်ငံသည် ယမန်နေ့က အင်တာနက် တရားမ၀င် ခိုးယူခြင်း အားတားမြစ်သည့်ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့သည်။အင်တာနက်အား ချုပ်ချယ်မှုကို မလိုလားသော အသင်းအဖွဲ့များ၏ပြင်းထန်သောဆန့်ကျင် မှုများကြားမှပင် ၎င်းဥပဒေကို ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။
အင်တာနက်မှ တရားမ၀င် ဆွဲယူကြည့်ရှု့သူများသည် ပထမတွင် email သတိပေးချက် တစ်ခု လက်ခံရရှိမည် ဖြစ်သည်။ ဆက်လက်၍ ကျူးလွန်ပါက စာဖြင့် သ တိပေးခြင်းခံရမည်ဖြစ်သည်။ ရပ်တန့်ခြင်းမရှိပါက တရားရုံးတွင် တရားစွဲ ဆိုခံရမည်။ တရားရုံးက ကျူးလွန်သူအား ဒဏ်ငွေ ချမှတ်ခြင်း သို့မဟုတ် အင်တာနက် ၀င်ရောက်မှုအား ပိတ်ပင်ခြင်းတို့ကို ပြုလုပ်မည် ဖြစ်သည်။ ၎င်းဥပဒေ အကောင်အထည်ဖော်ရန် မူပိုင်ခွင့်အေဂျင်စီတစ်ခု(Hadopi) ကို ဖွဲ့စည်းထားမည်ဖြစ်သည်။ပညာရှင်တို့၏ဖန်တီးမှုလုပ်အားကိုအကာ အကွယ်ပေးရာတွင် ယခုဥပဒေသည် တကမ္ဘာလုံးအတွက်စံနမူနာပြဖြစ် မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။ (ဘီဘီစီ)
Shareဝေမျှမယ်

ဝေမျှမယ်ယခင် MPT က ၀န်ဆောင်မှု ပေးခဲ့ သည့် MPT Korea လိုင်း သုံးစွဲသူ အင်တာနက် User အချို့ အနေဖြင့် ပုံမှန် လစဉ်ကြေးများ ပေးသွင်း နေပါလျှက် ဘေလ် မဆောင်ဟု ဆိုကာ မှားယွင်း ဖြတ်တောက်မှုများ ခံနေ ရကြောင်း ကြားသိရသည်။
ယင်း အင်တာနက် User များ အနေဖြင့် လစဉ်ကြေး နှစ်စဉ်ကြေး များအား ငွေစာရင်း ဌာနသို့ ပုံမှန် ပေးသွင်းရခြင်း ဖြစ်ပြီး ပေးသွင်းရန် ပျက်ကွက်မှုများ၊ ကြွေးကျန်များ ရှိပါက လိုင်း ဖြတ်တောက်ခြင်း ခံရသည်။ သို့သော် ယခု ရက်ပိုင်းအတွက် ပုံမှန် ငွေကြေးပေးသွင်း ထားပါလျှက် ဖြတ်တောက် ခံနေရသူများ ရှိနေပြီး တချို့ [...]

ဝေမျှမယ်နိုဝင်ဘာ၁၄နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့  Saim Paragon ကုန်တိုက်အပေါ်ထပ် ရုပ်ရှင်ရုံတွင် ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများ အကြောင်းအရာများကို ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ပြသသည်။
ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀ ၀န်းကျင်ခန့် အကွာတွင်ရှိသော ရေထွက်စားသောက်ကုန်များ အဓိက ထုတ်လုပ်ရာ မဟာချိုင်နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အခြေအနေများကို အသေးစိတ် တင်ပြထားသည်။
ဇာတ်ကားအမည်မှာ “Colors of Our Hearts” အရောင်စုံ ကျွန်ုပ်တို့ နှလုံးသားများဖြစ်သည်။ ဇာတ်ကိုထိုင်း အမျိုးသမီး Pim Th’blay paw ကထုတ်လုပ်ပြီး ဒါရိုက်တာ Supamok Silarak က ရိုက်ကူးပြီး မြန်မာ အလုပ်သမားများက သရုပ်ဆောင်ထားကြသည်။
ပြသချိန် ၉၆ မိနစ်ကြာမြင့်သည့် အဆိုပါ [...]

ဝေမျှမယ်မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင် ရောင်းချပေးခဲ့။
ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှားသည့် ပြင်ပစီးပွားရေးလုပ်ငန်း အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏ mpt mail ကို အသုံးပြုလာခဲ့သည်။
အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့။
၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mptmail ကို အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ ၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု အမျိုးအစားမှာ dail up connection [...]

04
December

ဝေမျှမယ်
ဒီဇင်ဘာလက နှစ်တနှစ်ကို အနားသတ်ရန် စိုင်းပြင်း၍နေသည်။ ၂ဝဝ၉ ခုနှစ်က နောက်ဆုံးနေ့များကို ဖြတ်သန်းရင်း …. ၂ဝ၁ဝ ဆီသို့ မျက်နှာမူ၍ ရင်ဆိုင်လိုက်သည်။ ၂ဝဝ၉ သည် ….. ဓမ္မတေးသံတို့နှင့် ဝေဝေစီစီ၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပင် အဆုံးသတ်မည်လား….. ။
သဘာဝတရား၏ ရိုက်ပုတ်တိုက်ခိုက်မှုဒဏ် ပြင်းပြင်းထန်ထန်အထိ ခံထားခဲ့ရဖူးသည့်အတွက် ….. စိုးတထိတ်ထိတ်နှင့်…..။ လွန်ခဲ့သည့် ၅ နှစ် ဟူသည့်ကာလက ….အတိတ်မဖြစ်နိုင်သေး…..။ ဆူနာမီလှိုင်းလုံးကြီးများ….။ ခဏငယ်အတွင်း ပျောက်ကွယ်သွားသည့် မြို့ပြ….။ ရေဖွေးဖွေး….။ အဆောက်အဦး အပျက်အစီးများ….။ အလောင်းများ….အလောင်းများ….။ ငယ်ငယ်ရွယ်ရွယ်….ပျိုပျိုအိုအို….. အလောင်း….။ ယောက်ျား၊ မိန်းမအလောင်း….။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက …. သဘာဝတရား၏ ရိုက်ခတ်မှုအောက်၌ လူသားသည် ဒူးညွှတ်၍ ပြားပြားမှောက် အရှုံးပေးလိုက်ရ၏။ ဤသို့ ကဗ္ဗည်းထိုး၍ [...]

ဝေမျှမယ်ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးခန်းတွင်အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့်ပတ်သက်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ်ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန်ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သော ရွှေဂုံတိုင် အထူးကုဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေးစောင့်ရှောက်မှု [...]

ဝေမျှမယ်လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ် (၆ဝ)တွင် ပါရှိခဲ့သော ‘ရန်ကုန်မြို့ပေါ် ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ် တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်’ သတင်းနှင့် ပတ်သက်၍ ခိုင်ရွှန်းလဲ့ရည်၏ ကြေကွဲဖွယ်ဖြစ်ရပ် အတွက် ဝိုင်းဝန်း မေးမြန်းခဲ့ကြသော ပြည်သူများ၊ နောက်ဆက်တွဲ ဖော်ပြခဲ့ကြသော သတင်းဂျာနယ်များ၊ သတင်း ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့်ရရှိခဲ့သည့် အတွက် ခွင့်ပြုပေးသော တာဝန်ရှိသူ အားလုံးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မိခင် ဒေါ်ချိုချိုမြင့်က နိုဝင်ဘာ(၂၅)ရက် နေ့တွင် လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
သမီးလေး ခိုင်ရွှန်းလဲ့ရည်အား ကုသပေးခဲ့သည့် ဆေးခန်းမှ ခွဲစိတ် ကုသပေးခဲ့သည့် ဆရာဝန်ကြီးသည် မိခင် ဒေါ်ချိုချိုမြင့်ထံသို့ ဝမ်းနည်းစကားများ၊ အားပေးစကားများ လာရောက် ပြောကြားခြင်း [...]

ဝေမျှမယ်အင်တာနက် ၀က်ဘ်ဆိုက်များ ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည် ပုံပေါ်ပါ မိန်းကလေးများအား အကျပ်ကိုင်နိုင်သည့် အသုံးချခံ ပစ္စည်းသဖွယ် ဖြစ်လာနိုင်၍ ဆယ်ကျော်သက် လူငယ်များ ပိုမိုသတိပြုစရာ ဖြစ်လာကြောင်း  အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူ အချို့က သတိပေး ပြောကြားခဲ့ကြသည်။
အင်တာနက် ၀က်ဘ်ဆိုက်များပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများထဲတွင် ဆယ်ကျော်သက် မိန်းကလေး သူငယ်ချင်း အချင်းချင်း အ၀တ်လဲခန်း အတွင်း၌ အ၀တ်လဲနေသည်ကို အပျော် ရိုက်ကူးထားသည့် ပုံများပါဝင်သကဲ့သို့ ဆယ်ကျော်သက် လူငယ်အချို့ လူငယ်သဘာဝ ချစ်ကြိုက်ရာမှ အချစ်နယ်ကျွံ၍ အတူနေထိုင်မိသည့် ညစ်ညမ်းဗီဒီယိုများ၊ ဓာတ်ပုံများလည်း ပါဝင်နေသည်ဟု အင်တာနက် ၀က်ဘ်ဆိုက် နေ့စဉ် အသုံးပြုသူ လူငယ်များထံမှ သိရသည်။
ထို့ပြင် မော်ဒယ်နှင့် သရုပ်ဆောင်အချို့၏ ညစ်ညမ်းဓာတ်ပုံနှင့် ညစ်ညမ်း ဗီဒီယိုဟု ဆိုကာ [...]

ဝေမျှမယ်မခိုင်ရွှန်းလဲ့ရည်နှင့် မိခင်ဒေါ်ချိုချိုမြင့် (ဓာတ်ပုံ – လျှပ်တစ်ပြက်ဂျာနယ်)
အေးချမ်းမြေ့
ကွယ်လွန်သည်မှာ ၁ လကျော်ခဲ့ပြီ ဖြစ်သော်လည်း မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် သတင်း နောက်ဆက်တွဲများကား ဝေဖန်ဆွေးနွေး စရာများ အဖြစ် ကျန်ရစ်ခဲ့ပေသည်။
လွန်ခဲ့သည့် တလကျော် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူအပြီး ကွယ်လွန်သွားခဲ့သည့် နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ Weekly Eleven သတင်း ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ကြသည်။
Weekly Eleven သတင်း ဂျာနယ်တွင် အဆိုပါသတင်းကို ‘ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများမျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ’ ခေါင်းစဉ်ဖြင့် [...]

ဝေမျှမယ်By Snap Shot
Shareဝေမျှမယ်

ဝေမျှမယ်လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလ မတိုင်မီ ရန်ကုန်မြို့ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ရန်ကုန်ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးထားရမယ်ဆိုပြီး နေပြည်တော်ကနေ ကျနော်တို့ကို ညွှန်ကြားလာပါတယ်။ ကျနော်တို့ကလည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားတော့ ဂက်စ်တာဘိုင်တွေ လည်ပေးဖို့လိုတယ်လို့ ပြန်တင်ပြတယ်။ ဒါနဲ့ နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနကိုလည်း ဆက်ပြီးညွှန်ကြားလိုက်တယ်။ ရန်ကုန်ကို တတ်နိုင်သမျှ ဂက်စ်တွေ ပို့ပေးဖို့။ အခု ဂက်စ်တွေ ရောက်လာတော့ ခါတိုင်းနှစ်တွေ ဂက်စ်မရှိလို့ မလည်နိုင်ဘဲ ဖြစ်နေတဲ့ ဂက်စ်တာဘိုင်တွေကို စမ်းပြီး လည်ပတ်နေတယ်။ ဂက်စ်သာ မှန်မှန်ရနေရင် ရန်ကုန်တတိုင်းလုံး လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးတာတောင် အရင်နှစ်တွေကလို ခွဲတမ်းနဲ့ ပေးစရာမလိုတော့ဘူး” ဟု ပြောသည်။
သို့သော် ခြောက်သွေ့ရာသီရောက်လာလေ [...]

ဝေမျှမယ်
Facebook မှတဆင့် ဆုံဆည်းခဲ့သော အသက် (၁၅)နှစ် အရွယ် တပည့် ဟောင်း တဦးအား သွေးဆောင် ဖြားယောင်းကာ လိင် ဆက်ဆံခဲ့သည့် ဗြိတိသျှ ဆရာမအား ထောင်ဒဏ် (၂)နှစ်နီးပါး
ချမှတ်လိုက်ကြောင်း သိရှိရသည်။
အသက် (၃၉)နှစ် အရွယ် မက်ဒလင်း မာတင် သည် အမည်ဖော်ပြခြင်း မရှိသော အဆိုပါ ကျောင်းသားလေးနှင့် Facebook တွင် အချိန်းအချက် ပြုလုပ်ကာ ကား ပါကင်ထဲတွင် ကားရပ်ပြီး ကား နောက်ခန်းတွင် တကြိမ်၊ တပည့်ဟောင်း၏ ဦးလေး နေအိမ်တွင် တကြိမ် လိင် ဆက်ဆံ ခဲ့ကြောင်း ရဲများက ဖော်ထုတ် တွေ့ရှိခဲ့သည်။
ဘာသာရေး သင်တန်းဆရာမ တဦး ဖြစ်သည့် မက်ဒလင်း သည် အိမ်ထောင် နှင့် ကလေး [...]

ဝေမျှမယ်မကြာမတင်လေးကမှဖြစ်သွားတဲ့ဖြစ်ရပ်တခုပါ
ပုသိမ်ကညီငယ်လေးတယောက်ရဲ့ဖြစ်ရပ်တခုပါ
ကျနော်ဆယ်တန်းရောက်တဲ့အချိန်မှာဒီညီငယ်လေးကခလေးဘ၀ပဲရှိအုန်းမယ်ထင်တယ်
အဲ့ဒီကောင်လေးကကျနော့်အိမ်နားမှာနေတာဗျ
ကျနော်ဆိုစလိုက်နောက်လိုက်နဲ့ပေါ့
ကျနော်ထင်တယ်ဗျ
သူနဲ့ဒီကောင်မလေးကအင်တာနက်(online)မှာတွေ့တာဖြစ်မယ်
တကယ်တော့အချစ်ဆိုတာကဒီလိုမဟုတ်ပါဘူး
တဘက်စွန်းရောက်ခဲ့ရလို့ဒီလိုဖြစ်ရတာပါ
တကယ်ချစ်တတ်တယ်ဆိုရင်နားလည်မှုဆိုတာရှိရမှာပေါ့
တကယ်တမ်းသူ့ဘက်ကရောကောင်မလေးဘက်ကရော
ဘယ်သူမှားလဲမှန်လဲဆိုတာမပြောတတ်ပါဘူး
ဒီလိုမျိုးတော့မလုပ်သင့်ဘူးထင်တယ်ဗျ
တကယ်မချစ်ရင်မကြည်စားကြပါနဲ့ဗျာ
ကောင်မလေးသာစာနာနားလည်တတ်မယ်ဆိုရင်သူ့မိဘတွေဘက်ကနေစာနာနားလည်ကြည့်ပါ
သားတယောက်ဆုံးရှုံးသွားရလောက်အောင်မင်းကပဲလုပ်ခဲ့တာလားသူဘက်ကပဲမှားနေတာလား
လူတွေကတော့ဒီကောင်လေးရူးလွန်းအားကြီးတယ်ထင်ပါလိမ့်မယ်
ပြောနေကျတဲ့သူတွေကရောအချစ်ဆိုတာကိုခံစားတတ်ခဲ့မယ်ဆိုရင်သူ့ကိုနားလည်ပေးလိုက်ကြပါ
ဒါဟာဘ၀နဲ့အဲ့ဒီကောင်မလေးကိုလွယ်လွယ်အရှုံးပေးသွားတာလို့ထင်ပါတယ်
တကယ်တမ်းဘ၀မှာစီးပွားရေးသာအဓိကရှာနိုင်ရင်
ဘယ်မိန်းခလေးမှဂရုမစိုက်ပဲမနေပါဘူး
လူတယောက်ရဲ့စိတ်ဓါတ်ကိုဘာမှသုံးစားလို့မရအောင်
လူသားအားလုံးမလုပ်ကြဖို့ဒီပိုစ့်လေးနဲ့မေတ္တာရပ်ခံပါတယ်
ဒီကမ္ဘာကြီးမှာအချစ်ကြောင့်အမုန်းကြောင့်အသက်ဆုံးရှုံးရသူတွေနောက်ထပ်မရှိပါစေနဲ့လို့လဲဆုတောင်းလိုက်ပါတယ်
သွားလေသူညီငယ်လေးကောင်းရာသုဂတိလားပါစေဗျာ
အကိုတို့ပုသိမ်ကနေအဝေးရောက်နေသူများမှဆုတောင်းလိုက်ပါတယ်
လှည့်စားမှုများနဲ့ကင်းဝေးတဲ့ဘ၀မှာပျော်ရွှင်ပါစေညီငယ်ရေ
PS…ကာယကံရှင်မိန်းခလေးမကျေနပ်ပါကကျနော့်ရဲ့CBox မှာပြောသွားနိုင်ပါတယ်
ဓါတ်ပုံများကိုပြန်လည်ဖျက်ပေးပါ့မည်။

Shareဝေမျှမယ်

ဝေမျှမယ်ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်
”မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသော်လည်း အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန် တစ်ယောက်၏ အသက်အရွယ် အရ၊ စောင့်ထိန်းအပ်သော ဆရာဝန် ကျင့်ဝတ်အရ၊ ရရှိထားသော ဆေးလက်မှတ်၊ ဒေါက်တာဘွဲ့အရ လူနာအား ခွဲစိတ်စဉ် မိမိ ထင်မြင်ယူဆသော ရောဂါ မဟုတ်ပါက အချိန်မီ ပြန်လည် ကုသပေးခဲ့လျှင်၎င်းလူနာသည် လူ့ဘဝသက်တမ်းစေ့ နေနိုင် မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ငွေမျက်နှာ ကြောင့်သော်လည်းကောင်း၊ မိမိရရှိထား သော ဆရာဝန်ဂုဏ်သိက္ခာဘွဲ့ကျဆင်း မည်စိုးသောကြောင့်လည်းကောင်း၊ လူနာ အား မလိုလားအပ်ဘဲ ဗိုက်ခွဲ၊ ဗိုက်ထဲကနေ ရောဂါပြစရာအကြောင်း တစ်ခုခုရှာပြီးဖြတ် တောက်၊လှီးဖြတ်ပစ်လိုက်ပါက အနာတခြား၊ ဆေးတခြား ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ဆရာဝန်၏ [...]

ဝေမျှမယ်ရန်ကုန်မြို့ရှိ သတ်မှတ်နေရာများ၌ ကြိုတင်ငွေပေးကတ်ဖြင့် WiFi သုံးစွဲရာတွင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကို အခမဲ့သုံးစွဲခွင့်ပြုမည်ဟု Red Link မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြိုတင်ငွေပေးကတ်များကို စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်သုံးစွဲနိုင်မည်ဟု သိရသည်။ ကြိုတင်ငွေပေးကတ်ဖြင့် သုံးသူများအနေဖြင့် www.netnow.net.mm လိပ်စာသို့ဝင်၍ ကတ်တွင်ပါဝင်သော ကုဒ်နံပါတ်များကို Log in နေရာ၌ ရိုက်ထည့်ကာ အသုံးပြုရမည် ဖြစ်သည်။ ထို့ပြင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကိုမူ ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ ကြည့်ရှုအသုံးပြုနိုင်ကြောင်း သိရသည်။
ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ဝင်ကြည့်နိုင်သော ၀က်ဘ်ဆိုက်များမှာ first-11, redlink, planet, khitlunge, yinkhonthanfm, yangondirectory စသည့် ၀က်ဘ်ဆိုက်တို့ ဖြစ်ကြောင်း သိရသည်။
ကနဦးတွင် ၁၅ နာရီစာကတ်ကို ကျပ် ၅၀၀၀ ဖြင့်ရောင်းချမည်ဖြစ်ပြီး [...]

ဝေမျှမယ်နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၄ နိုဝင်ဘာ ၂၀၀၉ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။
“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။
ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။
“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” [...]

ဝေမျှမယ်.ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ်ခ် ဆွန်ထော်ရဝဲ့သည် ဘန်ကောက်ရှိ Bumrungrad နိုင်ငံတကာ ဆေးရုံတွင် အသည်း ကင်ဆာရောဂါဖြင့် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
၂၀၀၈ ခုနှစ်အတွင်း တာဝန်မှ ရပ်စဲမခံရမီ ထိုင်းနိုင်ငံ ဥဒုံဌာနီ ခရိုင် လူထုကို မိန့်ခွန်းပြောနေသော ၀န်ကြီးချုပ်ဟောင်း မစ္စတာ စမတ်ခ် (ဓာတ်ပုံ – Reuters)
အသက် ၇၄နှစ်အရွယ်ရှိ ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ၀န်ကြီးချုပ် တဦးဖြစ်သော မစ္စတာ စမတ်ခ်သည် ၂၀၀၈ အောက်တိုဘာလက အသည်းကင်ဆာရောဂါ ခံစားနေရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ယင်းဆေးရုံတွင်ပင် လေဆာဖြင့် ခွဲစိတ် ကုသမှု ခံယူခဲ့သည်။ ထို့အပြင် ယင်း ၂၀၀၈ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ကုသမှု ခံယူခဲ့သေးသည်။
၁၉၆၈ ခုနှစ်တွင် [...]

ဝေမျှမယ်မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward
Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ
ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru
Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA
(အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။
နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု
အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက
ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။
ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး
နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ
စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli
ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့
ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့
နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက
အသိပေးတယ်လို့ [...]

ဝေမျှမယ်သတင်းထောက် အခွင့်အရေး ကာကွယ်ရေး ကော်မတီ (CPJ) မှ ထုတ်ပြန်သည့် Blogger လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ(၁၀)ခု စာရင်းတွင် မြန်မာ နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။
စစ်အစိုးရ အုပ်ချုပ်နေသော နိုင်ငံအတွင်း အင်တာနက် ၀ဘ်ဆိုဒ် များစွာသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားသလို Blogger များမှာလည်း ရာဇ၀တ် ပုဒ်မများတပ်ကာ ထောင်ချခံရခြင်းများ တွေ့ကြုံနေရသည်။
CPJ ၏ စစ်တမ်းတွင် မြန်မာနိုင်ငံက အဆိုးဆုံး ဖြစ်နေသလို အခြားသော အာရှနိုင်ငံများနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံ အတော်များများသည် အဆိုးဆုံး ထိပ်တန်း (၁၀)နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့သည်။ CPJ ၏ အမှုဆောင် ဒါရိုက်တာ ဂျိုဆီမွန်က Blogger များသည် သတင်းတော်လှန်ရေး ခေတ်၏ ခိုင်မာသော [...]

ဝေမျှမယ်A MYANMAR national who took upskirt photographs of about 20 women with his mobile phone was jailed for 12 weeks on Thursday.
Chit San Maung, 27, pleaded guilty to three counts of intruding into the privacy of women between December last year and January.
He was caught in the act by the husband of a 33-year-old woman [...]