ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်မြန်မာတစ်နိုင်ငံလုံး အင်တာနတ် သုံးစွဲနိုင်ရန် Google ကူညီ
ကမ္ဘာအကြီးဆုံး Search Engine တစ်ခု ဖြစ်သော Google Inc က မြန်မာတစ်နိုင်ငံလုံး အင်တာနက်လွယ်ကူစွာသုံးနိုင် ရန်ကူညီပေးမည်ဟု ကတိစာချုပ်
ကိုယမန်နေ့ကချုပ်ဆိုလိုက်သည်.. မေလဆန်းပိုင်းမှာ တစ်နိုင်ငံလုံး ကို fiber optics cabel များစတင်ပြေးဆွဲမှာဖြစ်ပြီး 2010 အကုန်တော့ စတင်သုံးစွဲနိုင်မှာဖြစ်
တယ်ဟု Google အင်တာနက်စာမျက်နာတွင်ဖော်ပြထားသည်.
information ကို လွယ်ကူစွာရှိရမည့်ဟု Google ရဲ့ဆောင်ပုဒ်နှင့်အညီ အိမ်တိုင်းတပ်ဆင်ရာတွင် တပ်ဆင်ခကို အခမဲ့ပြုလုပ်သွားမည်ဟု အဆိုပါ အင်တာနက်
စာမျက်နှာတွင်ရေးသားထားသည်.. လစဉ် အင်တာနက်သုံးနူန်းကကို လေး အမေရိကန်ဒေါ်လာ ၃၀ – ၄၀ မျှသာ [...]
ဝေမျှမယ်ပြင်သစ်နိုင်ငံသည် ယမန်နေ့က အင်တာနက် တရားမ၀င် ခိုးယူခြင်း အားတားမြစ်သည့်ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့သည်။အင်တာနက်အား ချုပ်ချယ်မှုကို မလိုလားသော အသင်းအဖွဲ့များ၏ပြင်းထန်သောဆန့်ကျင် မှုများကြားမှပင် ၎င်းဥပဒေကို ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။
အင်တာနက်မှ တရားမ၀င် ဆွဲယူကြည့်ရှု့သူများသည် ပထမတွင် email သတိပေးချက် တစ်ခု လက်ခံရရှိမည် ဖြစ်သည်။ ဆက်လက်၍ ကျူးလွန်ပါက စာဖြင့် သ တိပေးခြင်းခံရမည်ဖြစ်သည်။ ရပ်တန့်ခြင်းမရှိပါက တရားရုံးတွင် တရားစွဲ ဆိုခံရမည်။ တရားရုံးက ကျူးလွန်သူအား ဒဏ်ငွေ ချမှတ်ခြင်း သို့မဟုတ် အင်တာနက် ၀င်ရောက်မှုအား ပိတ်ပင်ခြင်းတို့ကို ပြုလုပ်မည် ဖြစ်သည်။ ၎င်းဥပဒေ အကောင်အထည်ဖော်ရန် မူပိုင်ခွင့်အေဂျင်စီတစ်ခု(Hadopi) ကို ဖွဲ့စည်းထားမည်ဖြစ်သည်။ပညာရှင်တို့၏ဖန်တီးမှုလုပ်အားကိုအကာ အကွယ်ပေးရာတွင် ယခုဥပဒေသည် တကမ္ဘာလုံးအတွက်စံနမူနာပြဖြစ် မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။ (ဘီဘီစီ)
Shareဝေမျှမယ်
ဝေမျှမယ်
Facebook မှတဆင့် ဆုံဆည်းခဲ့သော အသက် (၁၅)နှစ် အရွယ် တပည့် ဟောင်း တဦးအား သွေးဆောင် ဖြားယောင်းကာ လိင် ဆက်ဆံခဲ့သည့် ဗြိတိသျှ ဆရာမအား ထောင်ဒဏ် (၂)နှစ်နီးပါး
ချမှတ်လိုက်ကြောင်း သိရှိရသည်။
အသက် (၃၉)နှစ် အရွယ် မက်ဒလင်း မာတင် သည် အမည်ဖော်ပြခြင်း မရှိသော အဆိုပါ ကျောင်းသားလေးနှင့် Facebook တွင် အချိန်းအချက် ပြုလုပ်ကာ ကား ပါကင်ထဲတွင် ကားရပ်ပြီး ကား နောက်ခန်းတွင် တကြိမ်၊ တပည့်ဟောင်း၏ ဦးလေး နေအိမ်တွင် တကြိမ် လိင် ဆက်ဆံ ခဲ့ကြောင်း ရဲများက ဖော်ထုတ် တွေ့ရှိခဲ့သည်။
ဘာသာရေး သင်တန်းဆရာမ တဦး ဖြစ်သည့် မက်ဒလင်း သည် အိမ်ထောင် နှင့် ကလေး [...]
ဝေမျှမယ်Google Talk ပွားသုံးနည်း ကို အားလုံး လိုလိုသိပြီးသား ဖြစ်နေပေမယ့် အများစု သုံးတဲ့ Window Live messenger နဲ့ Yahoo messenger တို့ ပွားနည်း ပါ တစ်ခါတည်း ရေးချင်တဲ့ အတွက် ဒီ post တင်လိုက်ရပါတယ်။ မသိသေးသူများ အတွက် နည်းသိသွားတာပေါ့ဗျာ ။
Google Talk
1.Google Talk Short Cut ပေါ်မှာ Right Click နှိပ် Properties ကိုရွေးပါ။
2.Target ရဲ့ နေရာက စာတန်းနောက်ဆုံး startmenu နေရာမှာ nomutex ကိုပြောင်းထည့်ပေးခြင်းအားဖြင့် Gtalk အားပွားသုံးလို့ရပါပြီ ။
Yahoo Messenger
1.Yahoo Messenger ကို install လုပ်ပြီးပါက notepad [...]
ဝေမျှမယ်www.ornagai.com
Online Dictionary ဖြစ်ပါသည်။
Beta Version သာ ရှိသေးပေမယ့် သုံးစွဲရ လွယ်ကူပြီး English to Myanmar နှင့် Myanmar to English သို့ ပြန်ဆိုနိုင်ပါသည်။
မြန်မာများ အတွက် အဆင်ပြေအောင် ဖန်တီး ပေးကြတဲ့ ကိုစေတန် တို့အား ကျေးဇူးတင်ရှိပါသည်။
Shareဝေမျှမယ်
ဝေမျှမယ်ရန်ကုန်မြို့ရှိ သတ်မှတ်နေရာများ၌ ကြိုတင်ငွေပေးကတ်ဖြင့် WiFi သုံးစွဲရာတွင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကို အခမဲ့သုံးစွဲခွင့်ပြုမည်ဟု Red Link မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြိုတင်ငွေပေးကတ်များကို စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်သုံးစွဲနိုင်မည်ဟု သိရသည်။ ကြိုတင်ငွေပေးကတ်ဖြင့် သုံးသူများအနေဖြင့် www.netnow.net.mm လိပ်စာသို့ဝင်၍ ကတ်တွင်ပါဝင်သော ကုဒ်နံပါတ်များကို Log in နေရာ၌ ရိုက်ထည့်ကာ အသုံးပြုရမည် ဖြစ်သည်။ ထို့ပြင် ၀က်ဘ်ဆိုက်ခြောက်ခုခန့်ကိုမူ ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ ကြည့်ရှုအသုံးပြုနိုင်ကြောင်း သိရသည်။
ကြိုတင်ငွေပေးကတ်မလိုဘဲ အခမဲ့ဝင်ကြည့်နိုင်သော ၀က်ဘ်ဆိုက်များမှာ first-11, redlink, planet, khitlunge, yinkhonthanfm, yangondirectory စသည့် ၀က်ဘ်ဆိုက်တို့ ဖြစ်ကြောင်း သိရသည်။
ကနဦးတွင် ၁၅ နာရီစာကတ်ကို ကျပ် ၅၀၀၀ ဖြင့်ရောင်းချမည်ဖြစ်ပြီး [...]
ဝေမျှမယ်မြန်မာမှာ BarCamp ဆိုတာကို တစ်ခါမှ မလုပ်ဖူးသေးပေမယ့် အခြားနိုင်ငံအတော်များများမှာတော့ ဘားကမ့်ပ် လုပ်ပြီးနေကြပါပြီ.. ဒီတော့ ဒီမှာလည်း လုပ်နိုင်ကြဖို့ အားလုံးသိအောင် ဒီကနေ လှုံ့ဆော်ပေးချင်ပါတယ်..
ဘားကမ့်ပ်ဆိုတာ ဘာလဲ..
ဘားကမ့်ပ်ဆိုတာက ဘာစည်းမျဉ်း ဘာသတ်မှတ်ချက်မှမရှိတဲ့ အတွေ့အကြံဖလှယ်ပွဲတစ်ခုပဲ ဖြစ်ပါတယ်.. စည်းမျဉ်းဆိုတာထက် ကန့်သတ်ချက်မရှိတာလို့ ပြောရင် ပိုမှန်မယ်ထင်ပါတယ်.. ဘားကမ့်ပ်မှာ ဘယ်သူက ဘာပြောမယ်.. ဘာအကြောင်းအရာကိုတော့ဖြင့် မပြောရဘူး.. ဘယ်သူတွေပဲ တက်ရမယ်ဆိုတာမျိုးတွေ မရှိပါဘူး.. လူတိုင်းတက်နိုင်ပါတယ်.. ဂိမ်းသမားတွေလည်းပါ.. ဒီဇိုင်နာတွေလည်းပါ.. ပရိုဂရမ်မာတွေ.. အိုင်တီသမားတွေ.. အိုင်တီသမားမဟုတ်ဘဲ စိတ်ဝင်စားသူတွေ.. ရန်ကုန်ကလူတွေ.. မန္တလေးကလူတွေ.. တောင်ကြီးကလူတွေ.. ဒေသစုံ နယ်ပယ်စုံက ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်.. (နိုင်ငံခြားက စိတ်ပါဝင်စားသူတွေလည်း လာကြမယ်လို့ သိထားပါတယ်).. ဘားကမ့်ပ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ညိစွန်းတာတွေကိုတော့ အားလုံးက ရှောင်ပေးကြရမှာဖြစ်ပါတယ်..
ဘာတွေလုပ်ကြမလဲ..
အကြမ်းဖျင်းအားဖြင့်တော့ [...]
ဝေမျှမယ်
Google သည် ၎င်းတို့၏ Operating System အသစ် Chrome အတွက် Demo Verison ကို ယခု သီတင်းပါတ် အတွင်း စတင် ဖြန့်ဝေမည် ဖြစ်သည်။ နိုဝင်ဘာ (၁၉)ရက် နေ့မှစကာ ဖြန့်ချီ ပေးသွားမည့်
Demo Version အတွက် Google က PC မဂ္ဂဇင်းအား အကူအညီ တောင်းပြီး မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြ စေခဲ့သည်။
Google Chrome OS ၏ Demo Version စတင် ဖြန့်ချီမှုကို ဂူးဂဲလ် အင်ဂျင်နီယာ ဌာန ဒါရိုက်တာ မက်သရူး ပါပါကီပေါ့ က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ Google သည် အလုံးစုံ ဖန်တီးထားသော [...]
ဝေမျှမယ်ဩစတြေးလျ နိုင်ငံမှ အသက် (၂၁)နှစ် အရွယ် လူငယ်လေး တဦးက ၎င်းသည် iPhone အား ထိုးဖောက်ကာ Virus တမျိုး ထည့်သွင်းနိုင်သည့် ပထမဆုံး Hacker ဖြစ်လာကြောင်း ၀န်ခံ လိုက်သည်။
ယင်း Virus သည် ဖုန်းတလုံးတွင် ကူးစက်ခံရပါက ယင်းဖုန်း မှတဆင့် ခေါ်ဆိုသော အခြား iPhone တိုင်းသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ဆစ်ဒနီရှိ ကျောင်းသားလေး အက်ရှလေတောင်း က ပြောကြားခဲ့သည်။
၎င်း ဖန်တီးထားသော Virus သည် ဖုန်းအား ကြီးကြီးမားမား ပျက်စီးစေမည် မဟုတ်သော်လည်း ဖုန်း၏ Wallpaper တွင် ၎င်း အလွန် နှစ်သက်သည့် Pop အဆိုတော် ရစ်အက်စတလီ၏ ပုံကို အလိုအလျှောက် ပြောင်းသွား [...]
ဝေမျှမယ်
မိခင်ဘာသာဖြင့် ယူနီကုဒ် စံနစ်သုံး (URL) အား သုံးစွဲနိုင်တော့မည်
အွန်လိုင်း အင်တာနက် လောက၏ အကြီး အကျယ်ဆုံး ပြောင်းလဲမှု တခုအဖြစ် အင်္ဂလိပ်စာ မဟုတ်သည့် ကိုယ်ပိုင် မိခင် ဘာသာရပ် စာပေများဖြင့် သုံးစွဲ နိုင်တော့မည့်
အင်တာနက် လိပ်စာများ (URL) အား ကိုရီးယားနိုင်ငံ ဆိုလ်း မြို့တွင် ကျင်းပသော အင်တာနက် ဆိုင်ရာ အမည်နှင့် နံပါတ်များ ခွဲရေးအဖွဲ့၏ အောက်တိုဘာ ၂၆ရက်မှ ၃၀ရက်ထိ ကျင်းပခဲ့သော အစည်းဝေး က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်အရ နိုင်ငံတကာ အသိအမှတ်ပြု ယူနီကုဒ် စံသတ်မှတ်ကို လိုက်နာထားသည့် စာပေဖြစ်ရမည် ဖြစ်ပြီး၊ ကိန်းဂဏန်း များဖြင့် အစပြုခြင်း၊ အဆုံးသတ်ခြင်းများ မရကြောင်း၊ သက်ဆိုင်ရာ [...]
ဝေမျှမယ်
Google ၏ နောက်ထပ် ခြေလှမ်းသစ် တခုဖြစ်သော Google Wave တွင် Application များ ရောင်းချမည့် Online စတိုးတခု ကိုပါ ထည့်သွင်း ထားကြောင်း သိရှိရသည်။
Google သည် Facebook နှင့် Twitter တို့ကို လွှမ်းမိုးယှဉ်ပြိုင်ရန် Google Wave အမည်ရှိ real-time လူမှုဆက်ဆံရေး Tool တခုအား Google Wave အမည်သုံးကာ အကန့်အသတ်ဖြင့် စတင်စမ်းသပ် သုံးစွဲခွင့် ပြုထားပြီး ဖြစ်သည်။
ယခုအခါ Application စတိုး တခုကိုပါ ထည့်သွင်း လိုက်ခြင်းဖြင့် အင်တာနက် သုံးစွဲသူများ အတွက် လိုအပ်ချက်တိုင်းကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရန် နီးစပ်လာကြောင်း လန်ဒန်တွင် ကျင်းပသည့် Google နည်းပညာ သုံးစွဲသူများအဖွဲ့ [...]
ဝေမျှမယ်
Hannah Montana ဇာတ်ကားမှ နာမည်ကျော် မင်းသမီးလေး မီလီဆိုင်းရပ် သည် Twitter ကို ဆက်သုံးတော့မည် မဟုတ်ဟု အတည်ပြု ကြေညာ လိုက်သည်။
မီလီက သူမ၏ ပရိသတ်နှင့် အရင်းနှီးဆုံး ဆက်ဆံရာ နေရာလေး တခုသဖွယ် တည်ရှိနေသည့် Social Networking ၀ဘ်ဆိုဒ်မှ Account ကို ဖျက်ပစ် လိုက်ပြီဟု YouTube တွင် Video တခု လွှင့်တင်ကာ ပရိသတ်အား အသိ ပေးခဲ့သည်။
မီလီ ၏ ချစ်သူသစ်ဟု နာမည်ကြီး နေသည့် လီရမ်ဟမ်းဝေါ့စ် ၏ မကြာသေးမီ ကမှ မီလီအား Twitter မသုံးရန် အကြံပေးမှု ပြုလုပ်ခဲ့ အပြီး ယခုလို Twitter ကို စွန့်ခွာသွားခြင်း ဖြစ်သည်။ [...]
ဝေမျှမယ်Google မှအခမဲ့အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail ဟာဟက်ကာများရဲ့တိုက်ခိုက်မှုခံခဲ့ရကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကအတည်ပြုပြောကြားလိုက်ပါတယ်။
မကြာမီရက်ပိုင်းအတွင်းက Gmail,Yahoomail,hotmail,Comcast,Etherlink နဲ့အခြားအီးမေးလ်များအပါအ၀င်password ပေါင်း၁၀၀၀၀မှ၂၀၀၀၀ကြားခိုးယူခြင်းခံရကြောင်းကိုနာမည်ကြီးသတင်းဌာနတခုကဖော်ပြခဲ့ပါတယ်။
Goggle ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကတော့ Gmail Account အရေအတွက်အနည်းငယ်ခန့်ဟက်ကာများရဲ့တိုက်ခိုက်မှုခံခဲ့ရပြီးသတိထားစောင့်ကြည့်မှုများပြုလုပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။
ဒါအပြင်Gmailအသုံးပြုသူများအနေနဲ့တိုက်ခိုက်မှုသံသယဖြစ်ဖွယ်အခြေအနေများတွေ့ရှိပါကယင်းတို့ရဲ့Gmail Account များကိုပြန်လည်သတ်မှတ်ထားသင့်ကြောင်းသတိပေးပြောကြားခဲ့ပါတယ်။
Anti-Phishing Working Group(APWG)ရဲ့ပြောကြားချက်အရ Phishing attack များမြင့်တက်လာလျှက်ရှိပြီးယင်းစနစ်တိုက်ခိုက်ခံရသောအရေအတွက်ဟာပြီးခဲ့တဲ့ဇွန်လအထိ၅၀၀၀၀နီးပါးခန့်ရှိလာကာ၂၀၀ရဧပြီနောက်ပိုင်းတွင်ဒုတိယအမြင့်ဆုံးအရေ
အတွက်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
Credit By နောင်နောင် (အင်တာနက်ဂျာနယ်)
Shareဝေမျှမယ်
ဝေမျှမယ်Yahoo မှ Geocitiesအသုံးပြုuser များအတွက်နောက်ဆုံးသတိပေးကြေငြာချက်တရပ်ထုတ်ပြန်ကြေငြာခဲ့ပါတယ်.Geocities၀က်ဆိုဒ်များဖန်တီးမှုတွင်အခမဲ့အသုံးပြု
နိုင်သောဆားဗစ်တခုဖြစ်ပြီးယခုလအကုန်တွင်ပိတ်ပစ်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်ယခုလ၂၆ရက်နေ့နောက်ပိုင်းတွင်Geocities ဆိုဒ်အားဝက်ဘ်ပေါ်တွင်တွေ့ရတော့မှာမဟုတ်ပဲGeocities account နှင့်ဖိုင်များကိုလည်းအသုံးပြုနိုင်တော့မှာမဟုတ်ကြောင်းYahooမှရေးသားဖော်ပြခဲ့ပါတယ်။
ထို့နောက်Geocities အသုံးပြုသူများအနေဖြင့်Yahoo၏Web hosting ဆားဗစ်မှရယူအသုံးပြုနိုင်မှာဖြစ်ပြီးတလလျှင်၎.၉၉ဒေါ်လာပေးဆောင်ရမည်ဖြစ်ကြောင်းသိရှိ
ရပါသည်။Yahoo မှကြေငြာချက်အရGeocities ဆိုဒ်အားအသုံးပြုခွင့်ရပ်ဆိုင်းမည်ဟုသိရှိရပါသည်။
Geocities ဆားဗစ်ဟာ၁၉၉၉ခုနှစ်စတင်တည်ထောင်ထဲ့တာဖြစ်ပြီးpersonal ဆိုက်တခုအနေဖြင့်အသုံးပြုစေနိုင်ရန်စီမံပြုလုပ်ပေးခဲ့ကြောင်းသိရရှိရပါတယ်
Credit By စနေဦး(အင်တာနက်ဂျာနယ်)
Shareဝေမျှမယ်
ဝေမျှမယ်မိုင်လီဆိုင်းရပ်စ်၏ လက်ရှိချစ်သူက နာမည်ကျော် အဆိုတော် မင်းသမီးလေးအား Twitterဆက်မသုံးရန် တောင်းဆိုထားကြောင်း သိရသည်။ Hannah Montanaစတား မင်းသမီးလေးသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitterကို အရူးအမူး နှစ်သက်သူဖြစ်ပြီး သူမ၏ မိတ်ဆွေသူငယ်ချင်းများ၊ ပရိသတ်များအား Twitterဖြင့် အမြဲတစေ ဆက်သွယ်နေလေ့ရှိသည်။ မိုင်လီ၏ ချစ်သူသစ် လီယမ်ဟမ်းစ်ဝေါ့သ်သည် Twitterတွင်သာ အချိန်ကုန်နေသည့် မိုင်လီ၏ အကျင့်ကို ဖျောက်ပစ်ရန် ပြောဆိုထားသော်လည်း မင်းသမီးလေးကမူ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးချေ။ မိုင်လီသည် လီယမ်နှင့် ရုပ်ရှင်ရိုက်ရင်း သိကျွမ်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းမတိုင်ခင်က Jonas Brothersအဖွဲ့မှ နစ်ခ်ဂျိုနက်စ်၊ အတွင်းခံ အ၀တ်အထည်မော်ဒယ်လ် ဂျက်စတင်ဂက်စတန်တို့နှင့် တွဲခဲ့သေးသည်။ မိုင်လီက သူမနှင့် လီယမ်တို့ ချစ်သူဖြစ်နေသည်ဆိုခြင်းအား ငြင်းဆန်ခဲ့သော်လည်း [...]
ဝေမျှမယ်လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် Social Networking Site များစွာအနက် Face Book ဝက်ဘ်ဆိုဒ်မှာ လူသိများ အထင်ရှားဆုံးဖြစ်သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ Face Book ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာတလွှားမှ ဝင်ရောက်ထားပြီးသူပေါင်းမှာ သန်း ၃၀၀ ကျော်ရှိပြီး ဘာသာစကား ၅၅ မျိုးနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။
စတင်တည်ထောင်စက ရည်ရွယ်ချက် အနည်းအကျဉ်းသာ ရှိခဲ့သော Face Book မှာ ယခုအခါ နိုင်ငံငယ် တခုထက်မက ရည်ရွယ်ချက်၊ ရည်မှန်းချက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
ယခုအခါ အင်္ဂလန်နိုင်ငံ၏ လူဦးရေထက်ပင် များနေသည့် Face Book ဝက်ဘ်ဆိုဒ်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် အခန်းကျဉ်းလေးထဲမှ [...]
ဝေမျှမယ်
ကမ္ဘာ့ အကြီးဆုံး Social Networking ၀ဘ်ဆိုဒ်ကြီး Facebook သည် (၂၀၁၀) ခုနှစ် နောက်ပိုင်းတွင် ငွေကြေး အကျိုးအမြတ် ဖော်ဆောင်ရေး အတွက်
ပါ ရည်မှန်းချက်ထား လုပ်ဆောင် တော့မည် ဖြစ်ကြောင်း ၀ဘ်ဆိုဒ် တည်ထောင်သူ မက်ဇူကလာ က ပြောကြားခဲ့သည်။ Facebook သည် စက်တင်ဘာလ ထဲတွင် အသုံးပြုသူ သန်း(၃၀၀)ကျော် အထိ မြင့်တက် လာပြီဖြစ်ပြီး လွန်ခဲ့သည့် (၂)လခွဲ အချိန်နှင့် နှိုင်းယှဉ်ပါက လူသန်း(၅၀) အထိ ပိုများလာခြင်း ဖြစ်သည်။
Facebook သည် အသုံးပြုသူ များအတွက် စိတ်အနှောင့်အယှက် မဖြစ်နိုင်သော အခြေအနေမျိုးမှ ငွေရပေါက် ရလမ်းအတွက် လေ့လာနေပြီ ဖြစ်ကြောင်း၊ ကာလရှည်ကြာ ပေးသွားရမည့် ၀န်ဆောင်မှု အတွက် ၀င်ငွေပြန်လည် [...]
ဝေမျှမယ်Twitter မှတဆင့် ဖုန်းခေါ်ဆိုမှု ပြုလုပ် နိုင်မည့် Application တမျိုးကို Jajah က စတင် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ Application ကို အသုံးပြုပြီး အင်တာနက် Social Networking ၀က်ဘ်ဆိုက် Twitter အား အသုံးပြုသူ များသည် အင်တာနက် ဖုန်းခေါ်မှုကို (၂)မိနစ် အထိ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။
Jajah@Call ဟု အမည် ပေးထား သည့် ယင်း Application ကို လက်တလောတွင် Beta အဆင့် အဖြစ်သာ သတ်မှတ် ရသေး သော်လည်း နောက်ပိုင်းတွင် ပိုမို တွင်ကျယ်စွာ လူသုံး များလာမည်ဟု Jajah က မျှော်လင့်နေသည်။
Twitter သည်လည်း ယခု Application [...]
ဝေမျှမယ်ကွန်ပျူတာ Operating System လောကကို နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထား နိုင်ခဲ့သော်လည်း Microsoft ၏ Windows စံနစ်များသည် ယခုအခါ Google ၏ ဖိအားပေးမှုနှင့် စတင် တွေ့ကြုံလာရပြီ ဖြစ်သည်။
IDC မှ ကောက်ခံသော သုတေသန စစ်တမ်းများက Google ၏ အခမဲ့ Dos OS များကို ကုမ္မဏီကြီးများက အသုံးပြုမှု ပိုများလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။
အမေရိကန် ဈေးကွက်အတွင်း ကုမ္မဏီငယ် (၂၀) ရာခိုင်နှုန်း ကျော်သည် Windows 7 ကို မ၀ယ်တော့ဘဲ အခမဲ့ Google ၏ Dos OS ဖြစ်သည့် GOOG ကိုသာ အသုံးပြုရန် ပြင်ဆင်နေကြောင်း IDC က [...]
ဝေမျှမယ်
Google သည် အောက်တိုဘာ လဆန်းမှ စတင်ပြီး လူပေါင်း တသိန်းကို ၎င်း၏ နောက်ဆုံး ထုတ်ကုန် အင်တာနက် Tool အား အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်သည်။
Google Wave သည် Twitter နှင့် Facebook တို့ကဲ့သို့ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်များ နှင့် အခြား email service များကို ယှဉ်ပြိုင်ရန် Google က တီထွင် ထားခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် Google Wave ကို လူဦးရေ အကန့်အသတ်ဖြင့်သာ သုံးစွဲခွင့် ပေးထားပြီး ထိုသူများက ကမ္ဘာအနှံ့ မိတ်ဆွေများကို Invite လုပ်မှ တစထက်တစ ကျယ်ပြန့်လာရန် ရည်ရွယ်ထားသည်။
Google Wave တွင် [...]
ဝေမျှမယ်
Microsoft ၏ Hotmail စံနစ်ကို အသုံးပြုနေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန်
ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် [...]
ဝေမျှမယ်Microsoft ၏ Hotmail စံနစ်တွင် လုံခြုံရေး ယိုယွင်းမှုများ ရှိနေကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတိပေးကာ User များအနေနှင့် Password များကို အမြန်ဆုံး ပြောင်းရန် ကြေညာခဲ့ပြီး
ရက်ပိုင်းအတွင်း Gmail နှင့် YahooMail တို့ပါ ယင်း ပြဿနာနှင့် ကြုံနေရပြီ ဖြစ်သည်။
အမည်မသိ Hacker များသည် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Online တွင် ဖေါ်ပြခဲ့ပြီးနောက် ယခုအခါ Gmail နှင့် YahooMail တို့မှ User (၂၀၀၀၀) ကျော်၏ Password များကိုလည်း Online တွင် ဖော်ပြသည်နှင့် ကြုံရသဖြင့် ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူ များနှင့် ဆိုက်ဘာရဲတပ်ဖွဲ့ အတွက် [...]
ပေးခဲ့သောစကားသံလေးများ