ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်မြန်မာမှာ BarCamp ဆိုတာကို တစ်ခါမှ မလုပ်ဖူးသေးပေမယ့် အခြားနိုင်ငံအတော်များများမှာတော့ ဘားကမ့်ပ် လုပ်ပြီးနေကြပါပြီ.. ဒီတော့ ဒီမှာလည်း လုပ်နိုင်ကြဖို့ အားလုံးသိအောင် ဒီကနေ လှုံ့ဆော်ပေးချင်ပါတယ်..
ဘားကမ့်ပ်ဆိုတာ ဘာလဲ..
ဘားကမ့်ပ်ဆိုတာက ဘာစည်းမျဉ်း ဘာသတ်မှတ်ချက်မှမရှိတဲ့ အတွေ့အကြံဖလှယ်ပွဲတစ်ခုပဲ ဖြစ်ပါတယ်.. စည်းမျဉ်းဆိုတာထက် ကန့်သတ်ချက်မရှိတာလို့ ပြောရင် ပိုမှန်မယ်ထင်ပါတယ်.. ဘားကမ့်ပ်မှာ ဘယ်သူက ဘာပြောမယ်.. ဘာအကြောင်းအရာကိုတော့ဖြင့် မပြောရဘူး.. ဘယ်သူတွေပဲ တက်ရမယ်ဆိုတာမျိုးတွေ မရှိပါဘူး.. လူတိုင်းတက်နိုင်ပါတယ်.. ဂိမ်းသမားတွေလည်းပါ.. ဒီဇိုင်နာတွေလည်းပါ.. ပရိုဂရမ်မာတွေ.. အိုင်တီသမားတွေ.. အိုင်တီသမားမဟုတ်ဘဲ စိတ်ဝင်စားသူတွေ.. ရန်ကုန်ကလူတွေ.. မန္တလေးကလူတွေ.. တောင်ကြီးကလူတွေ.. ဒေသစုံ နယ်ပယ်စုံက ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်.. (နိုင်ငံခြားက စိတ်ပါဝင်စားသူတွေလည်း လာကြမယ်လို့ သိထားပါတယ်).. ဘားကမ့်ပ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ညိစွန်းတာတွေကိုတော့ အားလုံးက ရှောင်ပေးကြရမှာဖြစ်ပါတယ်..
ဘာတွေလုပ်ကြမလဲ..
အကြမ်းဖျင်းအားဖြင့်တော့ [...]
ပေးခဲ့သောစကားသံလေးများ