ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်
ငါ့ဘဝ
သူကမူလွန်းငါကQလွန်း
တစ်ခုခုတော့ ဟုတ်နေပြီ
သူနဲ့chat ဖို့ cyber ဖိုး
အမေ့ဆီကလိမ်တောင်းသည်
တစ်လသုံးပုလင်း Phone bill ဖိုး
အဖေ့ဆီကငါဗုံးသည်
ငါပိုးတိုင်းလည်းသူများဟပ်
ချိန်ပါကြီးကို ဖြစ်နေပြီ
ပိုးကြေးပန်းကြေးသိပ်များလွန်း
မကြာမီငါသည် မွဲတော့မည်။ ။
Shareဝေမျှမယ်
ဝေမျှမယ်နေရယ်တစင်း
လတစင်းနှင့်
ကွေကွင်းရက်တွေ
ထပ်ထပ်ကြွေလို့
ပြုံးဝေစေမယ့်
နေ့တွေမျှော်ရင်း
တမ်းတရင်း……
ငါစောင့်နေမယ်
Shareဝေမျှမယ်
ဝေမျှမယ်
ဆုံမှတ်လွဲခြင်း
မမြင်ချင်ယောင်ဆောင်နေတာ
မကြည့်ချင်လို့မဟုတ်ပါ
မခေါ်ဘဲနေတာ
မပြောချင်လို့မဟုတ်ပါ
မြိုသိပ်နေရတာ
မချစ်လို့တော့မဟုတ်ပါ
ကြည့်မိရင်မလွှဲချင်
ပြောမိရင်မရပ်ချင်
ချစ်မိရင်မမုန်းချင်တာ
မဖြစ်နိုင်တဲ့
အခြေအနေမှာ……
သံယောဇဉ်တွေတိုးလာမှာစိုးလို့ပါ….။
Shareဝေမျှမယ်
ဝေမျှမယ်* သံစဉ်တူမျှသည်ဟု ၊ တွေးမှတ်ထားမိသည့်…..
ကျွန်တော့်သီဆိုရာ သီချင်းကို ယခုမှ
သံစဉ်ညီမညီစီစစ်ရပေတော့မည်…..
…
* သံစဉ်မညီခဲ့သည်ရှိသော်
သံစဉ်နိမ့်မြင့် ညီရာညီကြောင်းကို………
မည်သူ့ထံတွင်ခွင့်တောင်းရမည်မသိ
* ချစ်သူတို့၏ စုံတွဲတေးသည် ၊
သံစဉ်ညီမှသီဆိုနိုင်ကောင်း၏…………………။
Shareဝေမျှမယ်
ပေးခဲ့သောစကားသံလေးများ