ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်
လမ်းမပေါ်လျှောက်လာ
ခွေးတစ်ကောင်တက်နင်းမိ
ထ..ကိုက်တဲ့အထိ………ငါမသိ။
လကမသာ ညအခါမှာ
မြူနှင်းနဲ့ မိုးစက်
ရောယှက်နေ၏………….ငါမသိ။
လေးတွဲခြေလှမ်း
မှန်းကာလှမ်းခဲ့
မြောင်းထဲဝင်မိ…………..ငါမသိ။
အမှိုက်ပုံကြား ခွေးဝဲစားက
ကြမ်းကြမ်းတမ်းတမ်း
လျှာနဲ့ သရမ်းလည်း………ချစ်သူ့ အနမ်းထင်။
ပုပ်ဟောင်နံညှီ
ပျော်စရာတစ်မည်ပေါ့
စိတ်ကူးထဲက ချစ်သူ့ အရိပ်။
အေး…..အေးစက်လာတယ်
လက်တွေ ငါ့ခြေတွေ
တောင့်တင်းလာလည်း မနာကျင်ခဲ့။
အတွေးတွေငြိမ်
အေးစက်စက်ဖြစ်နေချိန်မှာ
ဝိညာဉ်ထွက်ခွာ……..ငါမသိခဲ့။
Shareဝေမျှမယ်
ဝေမျှမယ်
ဇီဝိန်မျက်ရည်
တိမ်တွေငိုချလိုက်တဲ့ မျက်ရည်တွေကြောင့်
သစ်ပင်တွေ စိမ်းလန်းနေရသလို
ငါ့မျက်ရည်တွေကြောင့်
မင်းဘ၀လေးစိမ်းလန်းနေနိုင်မယ်ဆို
ငါဇီဝိန်ပျောက်တဲ့အထိ
ငိုပေးနိုင်ပါတယ် ကောင်မလေးရယ်
Shareဝေမျှမယ်
ဝေမျှမယ်အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ
ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊
အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု
တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်
၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊
တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့
ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး
သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း [...]
ဝေမျှမယ်အချစ် အချစ်
ချစ်တိုင်းချစ်၍
ချစ်လေချစ်လေ
ချစ်မပြေတည်း
ဆားငန်ရေနောက်
ငတ်တိုင်းသောက်က
သောက်လေသောက်လေ
ငတ်မပြေသို့
ပေမအရာ
တဏှာဖွဲ့ရစ်
ထိုအချစ်လည်း
အပြစ်မမြင်
မဆင်ခြင်ဘဲ
ချစ်လျှင်ပေကိုး
ချစ်စပျိုးသည်
ချစ်ရိုးချစ်စဉ်
ချစ်လမ်းတည်း။
Shareဝေမျှမယ်
ဝေမျှမယ်! ခေတ္တခဏကာလငယ်ဟု ၊ တွေးမှတ်ထားခဲ့ပါလျက်……….
ဆံတစ်မျှင်လက်တစ်ကမ်းအကွာအဝေးမှ
………..
ခွာပြေးဖို့ခက်ခဲစေသောအရာက…………..
ရင်ထဲမှာကျယ်ပြန့်စွာ ကိန်းအောင်းနေပြီဟု……..
ကိုယ့်ကိုကိုယ် သိလိုက်ရသည်……..
! ” သံယောဇဉ်” ဟူသည်ကား………………
တစ်ပင်ကိုတစ်ပင်ရှက်နေသည့် နွယ်ပင်ငယ်များပမာ…….
အခွါခက် အခွဲခက်စွာ….အသည်းထက်မှာ……..
ခိုင်မြဲစွာနေရာယူတက်၏………………………..။
Shareဝေမျှမယ်
ဝေမျှမယ်Shareဝေမျှမယ်
ဝေမျှမယ်သို့ 
ချစ်သူ
ကိုယ်ရဲ့ အချစ်တွေက
မင်းအတွက်ပူလောင်တဲ့ မီးလို့ ဆို ရင်
ငါ့ ကိုယ်ငါပဲလောင်ကျွမ်းပစ်လိုက်
ပါ့ မယ်
သင့် ထံသို့ မသက်ရောက်စေရ။
ကိုယ်ရဲ့ အချစ်တွေက
အဆိပ်တွေဖြစ်ခဲ့ ရင်
ငါ့ ကိုငါပဲအဆိပ်သင့်ပါရစေ
အချစ်ထံသက်ရောက်ခြင်းမရှိစေရ။
အိမ်မက်တခုအဖြစ်
မင်းပြန်ချစ်ခဲ့ မယ်ဆိုရင်
မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ပြီး
အဲဒီအိမ်မက်ကိုပျော်ပျော်ကြီးဆက်မက်
ငါ့ အတွက် သေခြင်းဆိုတာကို
မင်းရှိလို့  ရဲရဲကြီးရင်ဆိုင်ရဲခဲ့ ပါပြီ။ ။
Shareဝေမျှမယ်
ဝေမျှမယ်ချစ်သူလွမ်းချင်း
အလင်း…မရှိတဲ့ 
ည…ကမှောင်
မင်း………မရှိတဲ့ 
ဘ၀…ကကြောင်တောင်တောင်နဲ့ 
အလွမ်းတွေကို…မိတ်ဆွေဖွဲ။့ ။
ငါ…ဟဲ့………ယောင်္ကျား
အားတင်းစမ်းဟဲ့ …လို့ 
ကိုယ့် ကိုကိုယ်အားပေး
ကိုယ့်ဆေးကိုစား…ခဲ့ တဲ့ 
နေ့ တွေလဲမနည်းခဲ့ ပါဘူး။ ။
ခံစားချက်ဆိုတာကို ဖွင့် ဟခွင့် မရ
မြိုသိပ်ခြင်းဆိုတာနဲ့ အသားကျ
ဘ၀…က….ဘ၀ပဲမို့ 
ငါမှာလွမ်းချင်းတွေဖွဲ့နေလဲ
နင်….မသိနိုင်ခဲ့ ဘူးလေ။ ။
အလင်း………အလင်းလို့ တောင်းတ
မှောင်လှတဲ့ …ငါ့ ဘ၀ထဲ
ဘုရားပေးတဲ့ ဆုတစ်ခုလို
နင်ရောက်လာကတည်းက
ငါ….ကမ္ဘာဦးလူသားလို
ပူလောင်ခြင်းတွေရှိပေမဲ့ 
နင်…..က
ငါ့ …..အတွက်
မရှိမဖြစ်ပါပဲ။ ။
Credit By စတုရဂ်ဗလ
Shareဝေမျှမယ်
ဝေမျှမယ်Love, Love, Love, Love, Love Without A Doubt
How do you write a poem
about Love?
It cannot be caught
and is beyond words’
power of depiction.
It has no place to be,
all places are filled
with Love.
Without Love would
anything have any savour?
Love is what joins
Love is what flows
Love is what counts
Love is what grows
Love is what’s known.
Love is all around
Love is [...]
ဝေမျှမယ်
မျှော်လင့်ချက်တွေကလည်း
အရောင်မဲ့နေတယ်
နှလုံးသားကလည်း
အရောင်မဲ့နေတယ်
အရောင်တွေ ထွက်ပြေးသွားကြတာလား
မရောက်လာသေးတာလား
ဘယ်လိုအရောင်မျိုးကို
မျှောင်လင့်နေမိသလည်း
စုတ်ချက်ကြမ်းကြမ်းနဲ. ရေးခြယ်ထားတဲ့ ဟာမျိုးလား
ငါ့ကိုယ်ငါလည်း မသေချာတော့။
ဘယ်လိုပဲ ဖြစ်ဖြစ်
ကျွန်တော့်အတွက် အရောင်လေးတစ်ရောင်လောက်
အမြန်ခြယ်ပေးကြပါ။
Shareဝေမျှမယ်
ဝေမျှမယ်ညကမိုးတွေသဲလို့
အေးစက်စက်မိုးရေစက်တွေကြားမှာ
မျှော်လင့်ချက်တွေပေးပြီး
ငါ့ကိုထားသွားခဲ့တဲ့
မင်းကိုငါလွမ်းမိတယ်
ငါ့ကိုယ်ပေါ်လာထိတဲ့မိုးစက်တွေကို
ငါမတားဆီးခဲ့တာငါ့အပြစ်လား
ချမ်းစိမ့်နေတဲ့ကြားကမင်းကိုငါလွမ်းမိတာ
ငါ့အပြစ်လားတော့မသိ
မင်းကတော့ဘာတွေလုပ်နေမလဲ
စာတွေများဖတ်နေမလား
ချက်တင်များတက်နေမလား
အလုပ်မအားတဲ့ကြားမှာ
ကွန်ပျူတာရှေ့ကို
ငါအပြေးအလွှား
ဒါပေမယ့်ငါရောက်လာတော့လဲမင်းမရှိ
ရှိပြန်တော့လဲခေါ်မရ
အော်ငါ့ဘဝ
စွဲလန်းခဲ့မိတာ
ငါ့အမှားပဲ
မျှော်လင့်ချက်သာမထားခဲ့ရင်
ငါဒီလိုခံစားရမယ်မထင်ဘူး
ဆိုတဲ့ကိုငှက်ကြီးရဲ့သီချင်းကို
သတိရမိတယ်
တကမ္ဘာတဘက်ခြားနေတာ
ဘယ်ဘ၀က၀ဋ်ကြွေးတွေပါလိမ့်
လို့ငါစဉ်းစားမိတယ်
အော်မိုးမင်းရယ်
ငါ့ကိုသနားပါကွာ
ရွာနေတဲ့မိုးကို
ရပ်ပေးပါကွာ
Shareဝေမျှမယ်
ဝေမျှမယ်မဟုတ်တဲ့ . .ပွဲ
မလွမ်းခဲ့ပါဘူး . . . အဲဒီဆူးငါစူးခဲ့တာ . . .ဘာကြောင့်လဲ
မမေးတော့ပါဘူး . . . အဲဒီအချစ်နင်ချစ်ခဲ့တာ . . .ဘာကြောင့်လဲ
ငါငိုနေတယ် . . .နင်ပျော်နေမလားငါချစ်နေတယ် . . . နင်စိတ်ညစ်မလား . . .
မင်းအပိုင်စားထားတဲ့ ဘုရင်မ နားမှာ . .မော်ကြွားလိုက်ပါချစ်သူရယ်လို့ . .ငါကြည်ဖြူလိုက်ချင်တယ် . . .တကယ်တော့ငါကနယ်ရုပ်ပဲ . . .။
မင်းနဲ့ဝေးပြီးတဲ့နောက်
ငါ့စိတ်တွေယောက်ယက်ခပ်နေတယ်
အတွေးတွေကလဲစုတ်ပြတ်သပ်နေပြီ။
လွမ်းစိတ်ကိုဖျေဖျောက်ဖို့
ဘလော့ဂ်တွေလဲရေးပါတယ်
အတွေးကမ္ဘာမှာဆွေးကာရယ်
ငါ့စိတ်တွေကတ၀ဲလည်လည်
မင်းပုံရိပ်တွေပဲထပ်ထပ်နေတယ်
Shareဝေမျှမယ်
ဝေမျှမယ်ကော်နက်ရှင်တွေလဲအရမ်းဂွမ်းနေဒယ်
မင်းကိုလဲအရမ်းလွမ်းပါတယ်
မင်းရဲ့ဟယ်လိုအသံလေးကြားရဖို့
Pfingo ကခေါ်လို့မရတော့ကွယ်
Singapore ဒေါ်လာတွေလဲကုန်တာမနဲပါကွယ်
ဒါတွေကိုမင်းကမသိနိုင်တယ်
ငါ့ကိုအပြစ်တွေပဲရှာပါတယ်
လွမ်းစိတ်ကိုဖျေဖျောက်ဖို့
ဘလော့ဂ်တွေလဲရေးပါတယ်
အတွေးကမ္ဘာမှာဆွေးကာရယ်
ငါ့စိတ်တွေကတ၀ဲလည်လည်
မင်းပုံရိပ်တွေပဲထပ်ထပ်နေတယ်
ငါ့စာသားတွေဘယ်လိုဆက်ရမှာလဲ
ငါ့တော့သာလွမ်းနေတယ်
မင်းကတော့တခြားတယောက်နဲ့လန်းနေဒယ်
မဖြစ်နိုင်တော့တာတော့သိပါတယ်
ဒါပေမယ့်မျှော်လင့်နေဆဲပါပဲ
Shareဝေမျှမယ်
ဝေမျှမယ်ချစ်သူ………..
စိတ်ကူးနဲ့ သာငါမျှော်မှန်းချင်တယ်
အချစ်ကိုတော့ကြောက်ရွံနေမိတယ်။
နားလည်မှုနဲ့ ဂရုစိုက်မှု
မင်းငါ့ကိုပေးမှာလား။
ချစ်သူ………..
ဘယ်လိုမှမရည်ရွယ်ပါဘူး
စိတ်ကူးနဲ့ တောင်မရူးဘူးပေမယ့်
မင်းအမူအရာတွေကို
တို့ သိပ်ချစ်မိသွားပြီ
ချစ်သူ……..
မင်းယုံကြည်စွာနဲ့ 
ငါ့ရင်ထဲကစကားတစ်ခွန်းကို
နားထောင်ပေးပါလား
အဲဒါ မင်းကိုတို့ သိပ်မြတ်နိုးတယ်။
Shareဝေမျှမယ်
ဝေမျှမယ်အလွမ်းခရီးတွေကလဲဆက်နေဆဲ
မီးတွေကလဲပျက်နေမြဲ
ချစ်တဲ့သူကဘယ်ဆီမှာလဲ ၀င်ရိုးစွန်းတဘက်က
ခြားနေတဲ့ချစ်သူ
သတိရခြင်းများစွာနဲ့
မင်းလာမယ့်အစိမ်းရောင်လမ်းလေးကို
ငါစောင့်မျှော်နေဆဲ
မင်းကတော့ဘယ်သိနိုင်ပါ့မလဲ
တခြားတယောက်သောသူရဲ့ရင်ခွင်မှာ
ပျော်မွေ့နေလဲ
ငါကတော့ဆက်စောင့်နေမြဲပဲ
ငါ့စာသားတွေကကြမ်းရမ်းနေလဲ
အမြဲတမ်းမင်းကိုလွမ်းနေဆဲ
မင်းကတော့လွမ်းခန်းတွေပေးခဲ့တာအမြဲ
ငါဘသကတော့အလွမ်းခရီးသည်ပါပဲ
Shareဝေမျှမယ်
ဝေမျှမယ်သတိပေးချက်
ငါ့အသည်းနှလုံးကိုဖန်ခွက်တစ်ခုကို
အလွယ်တကူမင်းခွဲပစ်လိုက်တယ်
မင်းပျော်ဖို့အတွက်ဆိုရင် ငါဝမ်းမနည်းပါဘူး
ဒါပေမယ့် တစ်ခုတော့မှာချင်တယ်
ဖန်ကွဲစလိုကြေမွသွားတဲ့ ငါ့အသည်းနှလုံးကို
ဒီအတိုင်းကြီးတော့ မထားခဲ့ပါနဲ့ကွာ
အမှိုက်ပုံးထဲတော့ ထည့်ပေးပါ
အမှတ်တမဲ့ မင်းနင်းမိရင်
မင်းခြေဖ၀ါးနုနု သွေးခြေဥသွားမှာ
ငါ့အသည်းနှလုံးကစိုးရိမ်နေလို့ပါ။ ။
Shareဝေမျှမယ်
ဝေမျှမယ်အပယ်ခံ
ငြင်းပယ်ခံလိုက်ရတဲ့ နှလုံးသားတစ်စုံကတော့
ဆတ်ဆတ်ခါပြီးလူးလွန့်လို့နေတယ်
ငါ့အိပ်ယာထက် ကွဲကြေသွားတဲ့ နှလုံးသားက
မုန်းသွားဖို့ နေနေသာသာ
မေ့ပစ်ဖို့တောင် ခက်နေတယ်
တကယ်ပါ လိုတယ်ဆိုရင်
နင်ခြေနဲ့ နင်းပြီးသွားနိုင်ဖို့
ငါ့နှလုံးသားကိုမြေမှာခင်းပေးပါ့မယ်
Shareဝေမျှမယ်
ဝေမျှမယ်
Only One But Lion
သနားသလိုအကြည့်၊ ခပ်နှိမ်နှိမ် အပြုံး
ဒီအရယ်၊ ဒီအပြုံး၊ ဒီမျက်လုံးတွေကိုမုန်းတယ်
မြေနိမ့်ရာလှံစိုက်၊ စကားလုံးနဲ့ ပါးရိုက်တတ်တဲ့ သူတွေကိုမုန်းတယ်
ပကာသနတွေနဲ့ အမှောင်ကန့်လန့်ကာချပြီး
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ လောကကြီးကိုမုန်းတယ်
ငွေဆိုတာတစ်ကျပ်တစ်ပြားပိုလည်းထပ်ပြီးမက်စရာမှ မရှိတာ
စိန်တွေ ရွှေတွေ မရှိလည်းငါစိတ်ကူးယဉ်စရာ
တိမ်တွေ ကြယ်တွေနဲ့ သဘာဝတရားကြီး ရှိတယ်
ငါက…… ၀ိုင်ချိုတစ်ခွက်ထက် ကဗျာတစ်ပုဒ်စပ်နေရတာ
ပိုပြီးမက်မောတတ်သူလေ
ငါမုန်းတဲ့ ပတ်ဝန်းကျင်က ငါရှောင်ထွက်တော့ ငါ့ကိုပြောတယ်
“တစ်ကောင်ကြွက်” တဲ့
ဟင့်အင်းဟင့်အင်း ငါငြင်းလိုက်တယ်
ကြွက်ဆိုတာတစ်ကောင်တည်းမှ မနေရဲတာ
ငါက Only One
ဒါပေမယ့် Lion!
Shareဝေမျှမယ်
ဝေမျှမယ်ငါမက်မောတာ
ခမ်းနားတဲ့ မွေ့ယာတစ်လုံးထက်
ငါပိုမက်မောတာ မွေ့ယာထက်က
ချိုမြိန်တဲ့ အိပ်မက်လေးတစ်ခုပါ
လှပတဲ့ ဂီတာတစ်လုံးထက်
ငါပိုမက်မောတာဂီတာဆီက
သာယာတဲ့ သံစဉ်လေးပါ
ကြီးမားတဲ့ အိမ်တစ်လုံးထက်
ငါပိုမက်မောတာ
အိမ်ကြီးထဲကအေးချမ်းတဲ့ မိသားစုဘ၀ပါ
လှပတဲ့ စာရွက်ဖြူ တစ်ရွတ်ထက်
ငါပိုမက်မောတာ
စာရွက်ပေါ်ကခံစားချက် အပြည့်ရှိတဲ့ ကဗျာလေးပါ
စတိုင်ကျတဲ့ အ၀တ်အစားတွေထက်
ငါပိုမက်မောမိတာလည်း
မင်းရင်ထဲက ဖြူစင်တဲ့ နှလုံးသားကိုပါ…………..
Shareဝေမျှမယ်
ဝေမျှမယ်
အသုံးမကျတဲ့ငါ
ယုံကြည်တာတွေ အားလုံး ပျောက်ဆုံး
နင်က လျှောက်ပုန်း ဒါတောင် ငါကေ-ာက်သုံးမကျဘဲ ဆက်ကာချစ်
မပြတ်ပါနှင့် ပြောလည်း နင်က ထပ်မလာနဲ့ ဆိုတဲ့ စကားပဲ မရပ်ကာပြောနေတယ်
ငါ့မှာတော့ နေ့တွေ ညတွေ ရက်တွေပါရောနေတယ်
နင်ကတော့ ငါ့ကို အပိုတွေ ထပ်ကာဖောနေဆဲ
တစ်နေ့တစ်ခါတောင် ဖုန်းမဆက်
အဲဒါ ဘာသဘောတွေလဲ?
လာမပြောနဲ့ နားငြီးတယ်
တခြားဆော်တွေနဲ့ တွေ့ရင် နင့်ရဲ့ ရုပ်က သွားဖြီးမယ်
Show ပွဲတွေတိုင်းလည်း အကုန်ကို သွားကြည့်တယ်
တစ်ယောက်ဖြတ်လည်း နောက်တစ်ယောက်ရှိတယ် ဆိုတဲ့
စိတ်ကူးနဲ့ တရားရှိတယ်
နင့်ကိုတော့ လေးစားပါရဲ့
စကားပြောရင် ကလေးကလား အထာနဲ့
ငါ့ကို အမြဲ ဘေးထားတာပဲ
ဒါတွေ ကြိုတွေးထားပါတယ်
ငါ့ဘက်က ချစ်နေတော့လည်း
နင့်ရဲ့ အချစ် ခဏလောက်တော့
ငါ့ကို ပေးသနားပါကွယ်
Shareဝေမျှမယ်
ဝေမျှမယ်ငါမငိုဘူးဒါပေမယ့်မျက်ရည်အလိုလိုကျနေမိတယ်
ငါဝမ်းမနည်းဘူးငါကြေကွဲနေခဲ့တယ်
ငါမင်းရဲ့အဝေးတနေရာကိုတိတ်တဆိတ်ထွက်သွားချင်ပြီ
ငါ့ကိုသံယောဇဉ်တွေမပေးပါနဲ့တော့
ထာဝရနှုတ်ဆက်သွားသင့်ပါပြီကွာ
မင်းလျှောက်မယ့်ဘဝလမ်းမှာခလုတ်မထိမိရင်တော်ပါပြီ
ငါကျေနပ်တယ်
ငါဟာအဖြည့်ခံသက်သက်ပါ…
အရာရာနောက်ကျနေတဲ့လူတယောက်အတွက်တော့
မင်းအနားမှာခေတ္တနေခွင့်တော့ငါရချင်တယ်
ငါတို့အတူတူပျော်ရမဲ့အချိန်တွေနေရမဲ့အချိန်တွေကုန်ဆုံးသွားခဲ့ပါပြီ
ငါယုံကြည်နေခဲ့တဲ့ငါ့ကံတရားကငါ့ကိုတခါထပ်အသဲကွဲစေခဲ့တယ်
ငါ့ကံတရားပေါ့လေ
ဒါပေမယ့်မင်းကိုသိပ်ချစ်ခဲ့လို့စဉ်းစားခဲ့တာပါချစ်သူရယ်
ထာဝရပျော်ရွှင်နိုင်ပါစေ
Shareဝေမျှမယ်
ဝေမျှမယ်ဆန္ဒတွေကိုရှေ့တန်းတင်လို့မရတော့တဲ့ဘဝမှာ
ငါဟာဖြူစင်ရိုးသားတဲ့ချစ်သူပဲဖြစ်ချင်တယ်
ငါဘယ်တော့မှသူ့ကိုလက်ထက်လို့မရတော့ဘူးဆိုတာပဲ
ငါပျိုးထားတဲ့ပန်းတပွင့်ငါနမ်းခွင့်တော့ရချင်တာပေါ့
ဒါပေမယ့်ငါပေးဆပ်လိုက်ရပြီလေ
ငါဘာကိုမှမလိုချင်ပါဘူးဟာ
သူပျော်နေရင်ကျေနပ်ပါပြီ
ငါကခုချိန်မှာဒုတိယလူပါ
Shareဝေမျှမယ်
ဝေမျှမယ်သစ်ရွက်ကလေးတွေ
ကြွေ ရှာရင်တောင်
သူတို့ကိုလက်ခံမယ့်
မြေပြင်ဆိုတာရှိတယ်
ဝေဒနာ
ဒဏ်ရာတွေနဲ့
ဒီနေ့ရက်တွေမှာ
ငါ့မှာငိုစရာရင်ခွင်တောင်
မရှိပါလား
ကြင်နာသူရက်စက်တဲ့
မာနမျက်နှာနဲ့
ရော်ရွက်ဝါလို
ငါ့ဘ၀က
ထာဝရ
အလှမ်းကွာဆဲပါ
ခရောင်းဆိုတာက
တကယ်တော့ကြမ်းတမ်းတဲ့
ကန္တာရမြေရိုင်းပါ
အဲ့ဒီမြေမှာ
ထွန်ယက်စိုက်ပျိုးလို့
အောင်မြင်ခဲ့ရင်
သခွပ်ပင်တွေတန်းစီပြီး
စိုက်ထားချင်တယ်
သခွပ်ပွင့်တွေပွင့်တိုင်း
အချစ်နဲ့စစ်ခင်းချင်လို့ပေါ့
Shareဝေမျှမယ်
ဝေမျှမယ်
ဝေးကြပြီ ဆိုတဲ့ အတွေး
နှလုံးသားကို ခြောက်လှန့်
မေ့ပစ်ဖို့တော့ မပြောပါနဲ့
အချစ်က သူ့သဘော သူဆောင်
ပြန်ကွေ့စရာ……လမ်း
နှလုံးသားမှာ မရှိဘူး………။
ကိုယ်နှုတ်ခမ်းမလှုပ်ဘဲ
ပြောတဲ့စကားတွေ
မင်းမျက်လုံးနဲ့ နားထောင်တတ်တာ
အချစ်မဟုတ်ဘူးလား……….။
မင်းနဲ့ကိုယ့်ကြား ရိုးရှင်းသလောက်
ဆန်းပြားလွန်းတဲ့ သံယောဇဉ်က
ပါးပါးလေးမဟုတ်တာ
ကိုယ့်နှလုံးသားက သေချာတယ်………။
မင်းမရှိတဲ့နောက်
လေညှင်းက ညနေနှင့်
စစ်ခင်းချိန်ဆို
ဝိညာဉ် လွင့်မတတ်
လွမ်းရုံက လွဲပြီး
မင်းမရှိလည်း
ကိုယ်အဆင်ပြေပါတယ်…………….။
Shareဝေမျှမယ်
ဝေမျှမယ်အချစ်ဆိုတဲ့ အရာ
အချစ်ဆိုတဲ့ လက်ဝှေ့စင်တစ်ခုပေါ်
ဘယ်သူမှ ဂရုမစိုက်
မိုက်မိုက်ကန်းကန်း စိတ်ပါလက်ပါ
ငါတက်ခဲ့တယ်…………။
ပွဲအပြီးမှာတော့
အရှုံးတွေကို ရင်မှာပိုက်
ကျေကျေနပ်နပ်
ငါပြန်ဆင်းခဲ့တယ်………။
အနိုင်အရှုံး သေချာတဲ့
ပြိုင်ပွဲလို့ ပြောပေမယ့်
နောက်ဆုံးမှာတော့ …
နှစ်ဖက်စလုံး အထိနာရတာ
အဲ့ဒါ ……….အချစ်ပေါ့…….။
Shareဝေမျှမယ်
ပေးခဲ့သောစကားသံလေးများ