Log in

Tag Archives: Poem

ဝေမျှမယ်လမ်း

ပန်းချီကားလေးလည်း အရောင်တွေ မှိန်ုလို.
လမ်းဟောင်းလေးလည်း အရောင်တွေ မှိန်လို.
မျှော်လင့်ချက်တွေလည်း အရောင်တွေ မှိန်လို.
နှလုံးသားကလည်းအရောင်တွေ မှိန်ုလို.
လာရာလမ်းကို ပြန်မယ့်အချိန်
လက်ချိုးရေစောင့်နေလို.
အဆုံးသတ်ကို ကြိုသိနေပေမယ့်လည်း
ရောက်နိုင်တဲ့နေရာထိတော့ သွားချင်မိနေတယ်
အရောင်မှိန်နေတဲ့ မျှော်လင့်ချက်တွေနဲ. တွေ.ဆုံနိုင်မလားလို.
မိုတို
Shareဝေမျှမယ်

ဝေမျှမယ်
Credit By ဒီမိုဝေယံ
Shareဝေမျှမယ်

ဝေမျှမယ်
ငါသတိရသလိုရောမင်းသတိရပါ့မလား….
ငါလွမ်းသလိုရောမင်းလွမ်းတတ်ပါ့မလား….
ငါချစ်သလိုမင်းရောချစ်တတ်ပါ့မလား….
တနေ့ မင်းငါ့ကို ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… ငါကို သတိမရပါနဲ့… ဒီလိုကောင်မလေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့  မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ မစောင့်မျှော်ပါနဲ့ ငါ့ကိုမရှာပါနဲ့ ဒီလိုမှာ ငါစိတ်ချစွာထွက်ခွါသွားနိုင်မှာ

တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ…  နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား…. ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ …. ဒီလို ငါ သာပျောက်သွားရင် ဒီကမ္ဘာမှာမရှိတော့ရင်…………………မင်းဝမ်းနည်းမှာလား…..
တနေ့ ငါဆီက မေးလ်တွေ မရောက်ရင် မင်းကို လာကြိုခိုင်းဖို့ မပြောရင် ……. မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့.. မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းလာကြိုတာကို [...]

ဝေမျှမယ်
ဝိုင်ချိုတခွက်နဲ့
အို
လျှပ်တပြက်အကြည့်နဲ့
ငါရင်ခွင်မှာဗလောင်တွေဆူခဲ့ပြီ
ငါ့ကိုသွားခွင့်ပြုပါတော့
နင်ဟာငါ့အတွက်တော့စုန်းမတကောင်ပဲ
အိုညနေ…သင်ဟာရောငါ့အတွက်စုန်းမပဲလား….

Shareဝေမျှမယ်

ဝေမျှမယ်
Dont ask what is the color
White mixed in white
But
Spoiled white
With silent losts
Back to back, heart to heart
On the same old road
Footsteps on footsteps
Wanna be attaching the two hands
Those are not holding me
Not be right but not wrong
Please dont sympathy on me
It’s unfair one (or out of tune one)
Since wrong from the start
It’s sure
That still far [...]

ဝေမျှမယ်“ ပလုံ´´
ပလုံ
ရေထဲကို ခဲကျသွားတာလည်း ဖြစ်နိုင်တယ်
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိုင်တယ် ။
တစ်နေ့မှာ ငါအထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်။
ဘယ်လိုဖြစ်သွားသလဲ မသိဘူး
(တာရာမင်းဝေ)
Shareဝေမျှမယ်

ဝေမျှမယ်ငဝန်နဒီ ကို ချစ်တာကတော့ မပြောနဲ့ 
လေဟုန်စီး လွှင့်မျှော်နေရင်း နဲ့ 
ရေစုန်မှာ တွေးတော်ငေးမောမယ်
စတုတ္ထနိဗ္ဗာန် ကို တောင်
ငဝန်နဒီ
ကနေပဲ ဖြတ်သန်းရဲတယ် ဆိုပြီး
ငဝန်နဒီ လှိုင်းစီး ရင်း
တိမ်တွေပေါ်က
သက်တန့် တွေ နဲ့  ပျော်မြူးနေလိုက်တာ…
ထာဝရ ….
မှတ်မှတ်ရရတဲ့…ငါဟဲ့ ပုသိမ်သား
Credit By င၀န်နဒီ
Shareဝေမျှမယ်

ဝေမျှမယ်အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်
အိပ်
သည့်

ခါ
အိပ်
မက်
လာ
အိပ်
ပါ
လျှက်
နဲ့
နိုး

သည်
(တာရာမင်းဝေ)
Shareဝေမျှမယ်

ဝေမျှမယ်♥ပြည်မြန်မာရွှေအိမ်အတွင်းမှာ
မသတီစရာပွေလိမ်အခင်းကြောင့်
(ဗိုလ်ချုပ်ရေ….)
ရေတိမ်အတွင်းမှာနစ်ရသည်
♥သြော်အခင်းစစ်လိုက်ပြန်တော့
အတွင်းတနှစ်မှာလျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဖို့
ကြံစည်မချွတ်သနော်အားအင်သုံးရယ်လို့
ပုန်းလျှက်စစ်ချီ
♥ရိုင်းလိုက်လေမျိုးမစစ်တဲ့အခင်းပေထင့်
ဂိုဏ်းမိုက်တွေဆိုးညစ်တဲ့အချင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့သတ်ခဲ့ပြီ
တပ်ဖွဲ့ဇာနည်တွေမှာတော့
ခြောက်နတ်ရွာသို့မြန်းကြပြီတကား
မြတ်တဲ့သာကီတွေမို့
နောက်ထပ်လာဖို့တမ်းတသည်တကား
♥ ဖြစ်ကြောင်းငယ်ညွှန်
နှစ်ဟောင်းကွယ်လွန်ပေမယ့်
ဆယ့်ကိုး..ခွန်လေးခွန်…နှစ်ကိုတော့
ဖန်ခါခါပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်မှာနစ်လို့ရယ်
မေ့ပစ်မသွား….
(မြ၀တီရဲခေါင်ရေးသားသည်)

Shareဝေမျှမယ်

ဝေမျှမယ်
စည်း
အပြုံးမပျက် လှည့်ထွက်ပြီးခါမှ
မျက်ရည်စတွေက လွင့်ကနဲ………….
ခြေလှမ်းတွေ စတင် ကျောခိုင်းတော့
ခံစားချက်တွေက နင့်ကနဲ………..
Shareဝေမျှမယ်

ဝေမျှမယ်နင့် missed call တစ်ခုက
ငါ့ရင်ထဲကို ၀ုန်းဒိုင်းကြဲ
နင့် SMS တစ်ခုလေးဟာဆိုရင်
ငါ့အတွက် အိပ်လို့တောင် ပျော်ပါ့မလားပဲ
နင့်ဖုန်းသံ Incall ဟာလည်း
အရာရာကို ရင်ဆိုင်ရဲစေတဲ့  အင်အားလားပဲ
ဒါပေမယ့်လေ……
ကပ်စေးနှဲနင်က Phone လည်းမဆက်
SMS ဆိုရင် 25 Kyats ကိုဘဲ နှမြောလေသလား
မကြီးမငယ် Game ဆော့နေလို့
သွပ်ချာပါဒများ ဆွဲသွားလေသလား?
သြော်…ဒုက္ခ–ဒုက္ခ
မဖြစ်လည်း မဖြစ်သေးပါဘူး
သူက မဆက် ငါက ဆက်မှ
ဘေးမဲ့ ပေးခံရတဲ့ ငါ့ဘ၀။      ။
Shareဝေမျှမယ်

ဝေမျှမယ်အသုံးမကျတဲ့ငါ
ယုံကြည်တာတွေ အားလုံး ပျောက်ဆုံး
နင်က လျှောက်ပုန်း ဒါတောင် ငါကေ-ာက်သုံးမကျဘဲ ဆက်ကာချစ်
မပြတ်ပါနှင့် ပြောလည်း နင်က ထပ်မလာနဲ့ ဆိုတဲ့ စကားပဲ မရပ်ကာပြောနေတယ်
ငါ့မှာတော့ နေ့တွေ ညတွေ ရက်တွေပါရောနေတယ်
နင်ကတော့ ငါ့ကို အပိုတွေ ထပ်ကာဖောနေဆဲ
တစ်နေ့တစ်ခါတောင် ဖုန်းမဆက်
အဲဒါ ဘာသဘောတွေလဲ?
လာမပြောနဲ့ နားငြီးတယ်
တခြားဆော်တွေနဲ့ တွေ့ရင် နင့်ရဲ့ ရုပ်က သွားဖြီးမယ်
Show ပွဲတွေတိုင်းလည်း အကုန်ကို သွားကြည့်တယ်
တစ်ယောက်ဖြတ်လည်း နောက်တစ်ယောက်ရှိတယ် ဆိုတဲ့
စိတ်ကူးနဲ့ တရားရှိတယ်
နင့်ကိုတော့ လေးစားပါရဲ့
စကားပြောရင် ကလေးကလား အထာနဲ့
ငါ့ကို အမြဲ ဘေးထားတာပဲ
ဒါတွေ ကြိုတွေးထားပါတယ်
ငါ့ဘက်က ချစ်နေတော့လည်း
နင့်ရဲ့ အချစ် ခဏလောက်တော့
ငါ့ကို ပေးသနားပါကွယ်
Shareဝေမျှမယ်

ဝေမျှမယ်ဝေး
ကြင်နာချင်ပေမယ့်
ရင်နာမှာစိုးမိလို့
တိတ်တခိုးပဲ ချစ်ခဲ့သည်
အကြင်နာများပေမယ့်
ဝေဒနာမများချင်လို့
ရင်ထဲမှာပဲ ထားလိုက်ပြီ
ချစ်ခဲ့သော်လည်း
ပစ်ခဲ့မှာမလိုချင်လို့
မငိုရခင်ရှောင်လိုက်ပြီ
Shareဝေမျှမယ်

ဝေမျှမယ်မိန်းခလေးတွေရဲ့
အချစ်ဆိုတာ
ပန်းလေးတပွင့်လိုပါပဲ
လှပတယ်
နူးညံတယ်
သိမ်မွေ့တယ်
မွှေးပျံ့တယ်
ဒါပေမယ့်
သိပ်မခံဘူး
ပန်းလေးလိုပါပဲ
လေးငါးရက်နေရင်
ပျက်စီးသွားတတ်တယ်
Shareဝေမျှမယ်

ဝေမျှမယ်ရင်ထဲမှာခံစားခက်အောင်
လုပ်ခဲ့တဲ့ချစ်သူရယ်
အိပ်မက်ထဲမှာစစ်ခင်းရင်းနဲ့
မြတ်နိုးမှုတွေနဲ့
ငါ…..ဟိုးခပ်ဝေးဝေးကငေးကြည့်နေပါရစေ
တို့တွေကြုံဆုံခဲ့ရတဲ့
ခဏတာအချိန်လေးမှာ
ငါ့ရဲ့မရိုးသားတဲ့အပြုအမူတွေကို
မတော်တဆများနင်မြင်ခဲ့ရင်
နင်မျက်ဝန်းတွေကိုပိတ်ကာထားပေးပါ
ငါဟာနင့်အတွက်
ဘယ်တော့မှာဟီးရိုးမဖြစ်တော့တဲ့ငါ့ကြောင့်
နင့်ဘ၀ရဲ့သူရဲကောင်းအစစ်ကိုရှာလိုက်ပါ
ချစ်သူရယ်
တချိန်ကနင့်ရဲ့အသံလေးတွေ
ပြန်ကြားရင်လေ
ငါခုချိန်ထိ
ပျော်ရွှင်ကြည်နူးနေဆဲပါ
သီချင်းမကြိုက်တဲ့
နင်ဟာငါ့အတွက်
အလွမ်းသီချင်းလေးတွေ
ဖြစ်နေခဲ့ပြီ
နင်ပြန်လာမလားလို့
မဖြစ်နိုင်မှန်းသိလျှက်နဲ့
ငါ့ရဲ့မနက်ခင်းတိုင်းမှာ
နင့်ကိုမျှော်နေဆဲပါ
ရူးတယ်ပြောပြော
နင်နဲ့အနီးဆုံးနေရာမှာနေချင်တယ်
နင်နဲ့စကားတွေပြောချင်တယ်
နားလည်မှုတွေလွဲခဲ့ပြီး
နင်ငါ့ကိုရွံမုန်းသွားရင်တောင်
ငါကျေနပ်ပါတယ်
နင့်စိတ်ကူးထဲမှာ
နင်အထင်အသေးဆုံးလူထဲမှာ
ဘယ်နေရာမှာဖြစ်ဖြစ်
တခုခုပေါ့
ငါရှိနေရင်ကျေနပ်သွားမှာပါ
ငါကမ်းထားတဲ့လက်ခလေး
တွေကိုကြည့်လိုက်ပါ
သူများတွေပြောတဲ့
မနေ့ကရိုးသားခြင်းများစွာနဲ့
နင့်ကိုစောင့်ကြိုနေတယ်
Shareဝေမျှမယ်