ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSSဝေမျှမယ်
1
၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် – ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ [...]
ဝေမျှမယ်
ငါ့ဘဝ
သူကမူလွန်းငါကQလွန်း
တစ်ခုခုတော့ ဟုတ်နေပြီ
သူနဲ့chat ဖို့ cyber ဖိုး
အမေ့ဆီကလိမ်တောင်းသည်
တစ်လသုံးပုလင်း Phone bill ဖိုး
အဖေ့ဆီကငါဗုံးသည်
ငါပိုးတိုင်းလည်းသူများဟပ်
ချိန်ပါကြီးကို ဖြစ်နေပြီ
ပိုးကြေးပန်းကြေးသိပ်များလွန်း
မကြာမီငါသည် မွဲတော့မည်။ ။
Shareဝေမျှမယ်
ဝေမျှမယ်လမ်း
ပန်းချီကားလေးလည်း အရောင်တွေ မှိန်ုလို.
လမ်းဟောင်းလေးလည်း အရောင်တွေ မှိန်လို.
မျှော်လင့်ချက်တွေလည်း အရောင်တွေ မှိန်လို.
နှလုံးသားကလည်းအရောင်တွေ မှိန်ုလို.
လာရာလမ်းကို ပြန်မယ့်အချိန်
လက်ချိုးရေစောင့်နေလို.
အဆုံးသတ်ကို ကြိုသိနေပေမယ့်လည်း
ရောက်နိုင်တဲ့နေရာထိတော့ သွားချင်မိနေတယ်
အရောင်မှိန်နေတဲ့ မျှော်လင့်ချက်တွေနဲ. တွေ.ဆုံနိုင်မလားလို.
မိုတို
Shareဝေမျှမယ်
ဝေမျှမယ်
Credit By ဒီမိုဝေယံ
Shareဝေမျှမယ်
ဝေမျှမယ်“ဘဝဆိုတာ တချိန်တော့ ထားခဲ့ရမှာပဲလေ။ ဒီရောဂါပိုးရှိမှ မဟုတ်ဘူး။ ဒီလိုကျန်တဲ့ ဘဝလေးကို လူတွေကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ သဘောထားရှိဖို့ပါပဲ”
ဤစကားကို ကိုယ်တိုင်က HIV ပိုး သယ်ဆောင်သူ ဖြစ်သော်လည်း ယနေ့တိုင် ကျန်းမာသန်စွမ်းနေသည့် ၃၅ နှစ်အရွယ် ကို (အမည်ပြောင်း) က ခွန်အားပါသည့် အသံဖြင့် ပြောဆိုလိုက်သည်။
ထို့အပြင် “ကိုယ့်အသိစိတ်ဓာတ် ပြောင်းလဲသွားတာနဲ့ ဘဝဆိုတာလည်း ပြောင်းလဲသွားတာပါပဲ” ဟုလည်း အတွေးဒဿနကို သူက ဘဝအတွေ့အကြုံနှင့် ယှဉ်ကာ ဖွင့်ဆိုပါသေးသည်။
လွန်ခဲ့သည့် ၃ နှစ်ခွဲခန့်မှ စတင်ကာ ခန္ဓာကိုယ်ထဲကို HIV ပိုး တိုက်ဖျက်ရန် ARV ဆေးဝါးများ မှီဝဲလာခဲ့ရာ ဘေးထွက်ဆိုးကျိုး မခံစားရသည့်အပြင်၊ တနင်္လာနေ့မှ သောကြောနေ့အထိ တနေ့လျှင် အလုပ်ချိန် အနည်းဆုံး ၈ နာရီကြာ လုပ်ကိုင်နေသည်ဟု [...]
ဝေမျှမယ်တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့…
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ [...]
ဝေမျှမယ်နေရယ်တစင်း
လတစင်းနှင့်
ကွေကွင်းရက်တွေ
ထပ်ထပ်ကြွေလို့
ပြုံးဝေစေမယ့်
နေ့တွေမျှော်ရင်း
တမ်းတရင်း……
ငါစောင့်နေမယ်
Shareဝေမျှမယ်
ဝေမျှမယ်ဥယာဉ်မှုးဘဝ
ပန်းမခူးရလည်း
ယုယစွာဖြင့်
နမ်းရှိုက်ခွင့်တော့
ရှိသင့်ပါသည်
အိုဘယ့်နှင်းဆီ။
ရင်ခွင်မှာထား
ပန်းမခူးရလည်း
ထွေးခွင့်တော့ဖြင့်
ရှိသင့်ပါသည်
အိုဘယ့်နှင်းဆီ။
Shareဝေမျှမယ်
ဝေမျှမယ်
>> Myanmar -မင်းကိုငါချစ်တယ်
>> English – I love you
>> Afrikaans – Ek het jou lief
>> Albanian – Te dua
>> Arabic – Ana behibak (to male)
>> Arabic – Ana behibek (to female)
>> Armenian – Yes kez sirumen
>> Bambara – M’bi fe
>> Belarusian – Ya tabe kahayu
>> Bengali – Ami tomake bhalo bashi
>> Bisaya – Nahigugma ako kanimo
>> [...]
ဝေမျှမယ်
ငါသတိရသလိုရောမင်းသတိရပါ့မလား….
ငါလွမ်းသလိုရောမင်းလွမ်းတတ်ပါ့မလား….
ငါချစ်သလိုမင်းရောချစ်တတ်ပါ့မလား….
တနေ့ မင်းငါ့ကို ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… ငါကို သတိမရပါနဲ့… ဒီလိုကောင်မလေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့ မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ မစောင့်မျှော်ပါနဲ့ ငါ့ကိုမရှာပါနဲ့ ဒီလိုမှာ ငါစိတ်ချစွာထွက်ခွါသွားနိုင်မှာ
။
တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ… နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား…. ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ …. ဒီလို ငါ သာပျောက်သွားရင် ဒီကမ္ဘာမှာမရှိတော့ရင်…………………မင်းဝမ်းနည်းမှာလား…..
တနေ့ ငါဆီက မေးလ်တွေ မရောက်ရင် မင်းကို လာကြိုခိုင်းဖို့ မပြောရင် ……. မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့.. မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းလာကြိုတာကို [...]
ဝေမျှမယ်
ဝိုင်ချိုတခွက်နဲ့
အို
လျှပ်တပြက်အကြည့်နဲ့
ငါရင်ခွင်မှာဗလောင်တွေဆူခဲ့ပြီ
ငါ့ကိုသွားခွင့်ပြုပါတော့
နင်ဟာငါ့အတွက်တော့စုန်းမတကောင်ပဲ
အိုညနေ…သင်ဟာရောငါ့အတွက်စုန်းမပဲလား….
Shareဝေမျှမယ်
ဝေမျှမယ်
Dont ask what is the color
White mixed in white
But
Spoiled white
With silent losts
Back to back, heart to heart
On the same old road
Footsteps on footsteps
Wanna be attaching the two hands
Those are not holding me
Not be right but not wrong
Please dont sympathy on me
It’s unfair one (or out of tune one)
Since wrong from the start
It’s sure
That still far [...]
ဝေမျှမယ်“ ပလုံ´´
ပလုံ
ရေထဲကို ခဲကျသွားတာလည်း ဖြစ်နိုင်တယ်
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိုင်တယ် ။
တစ်နေ့မှာ ငါအထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်။
ဘယ်လိုဖြစ်သွားသလဲ မသိဘူး
(တာရာမင်းဝေ)
Shareဝေမျှမယ်
ဝေမျှမယ်ငဝန်နဒီ ကို ချစ်တာကတော့ မပြောနဲ့ 
လေဟုန်စီး လွှင့်မျှော်နေရင်း နဲ့ 
ရေစုန်မှာ တွေးတော်ငေးမောမယ်
စတုတ္ထနိဗ္ဗာန် ကို တောင်
ငဝန်နဒီ
ကနေပဲ ဖြတ်သန်းရဲတယ် ဆိုပြီး
ငဝန်နဒီ လှိုင်းစီး ရင်း
တိမ်တွေပေါ်က
သက်တန့် တွေ နဲ့  ပျော်မြူးနေလိုက်တာ…
ထာဝရ ….
မှတ်မှတ်ရရတဲ့…ငါဟဲ့ ပုသိမ်သား
Credit By င၀န်နဒီ
Shareဝေမျှမယ်
ဝေမျှမယ်
လမ်းမပေါ်လျှောက်လာ
ခွေးတစ်ကောင်တက်နင်းမိ
ထ..ကိုက်တဲ့အထိ………ငါမသိ။
လကမသာ ညအခါမှာ
မြူနှင်းနဲ့ မိုးစက်
ရောယှက်နေ၏………….ငါမသိ။
လေးတွဲခြေလှမ်း
မှန်းကာလှမ်းခဲ့
မြောင်းထဲဝင်မိ…………..ငါမသိ။
အမှိုက်ပုံကြား ခွေးဝဲစားက
ကြမ်းကြမ်းတမ်းတမ်း
လျှာနဲ့ သရမ်းလည်း………ချစ်သူ့ အနမ်းထင်။
ပုပ်ဟောင်နံညှီ
ပျော်စရာတစ်မည်ပေါ့
စိတ်ကူးထဲက ချစ်သူ့ အရိပ်။
အေး…..အေးစက်လာတယ်
လက်တွေ ငါ့ခြေတွေ
တောင့်တင်းလာလည်း မနာကျင်ခဲ့။
အတွေးတွေငြိမ်
အေးစက်စက်ဖြစ်နေချိန်မှာ
ဝိညာဉ်ထွက်ခွာ……..ငါမသိခဲ့။
Shareဝေမျှမယ်
ဝေမျှမယ်
ဇီဝိန်မျက်ရည်
တိမ်တွေငိုချလိုက်တဲ့ မျက်ရည်တွေကြောင့်
သစ်ပင်တွေ စိမ်းလန်းနေရသလို
ငါ့မျက်ရည်တွေကြောင့်
မင်းဘ၀လေးစိမ်းလန်းနေနိုင်မယ်ဆို
ငါဇီဝိန်ပျောက်တဲ့အထိ
ငိုပေးနိုင်ပါတယ် ကောင်မလေးရယ်
Shareဝေမျှမယ်
ဝေမျှမယ်အိပ်
ချင်
သော
စိတ်
အိပ်
သာ
အိပ်
အိပ်
သည့်
အ
ခါ
အိပ်
မက်
လာ
အိပ်
ပါ
လျှက်
နဲ့
နိုး
ရ
သည်
(တာရာမင်းဝေ)
Shareဝေမျှမယ်
ဝေမျှမယ်♥ပြည်မြန်မာရွှေအိမ်အတွင်းမှာ
မသတီစရာပွေလိမ်အခင်းကြောင့်
(ဗိုလ်ချုပ်ရေ….)
ရေတိမ်အတွင်းမှာနစ်ရသည်
♥သြော်အခင်းစစ်လိုက်ပြန်တော့
အတွင်းတနှစ်မှာလျော်ကန်တဲ့နည်းတွေနဲ့
တော်လှန်အပြီးမှာ မြန်ပြည်လွတ်ရန်ဖို့
ကြံစည်မချွတ်သနော်အားအင်သုံးရယ်လို့
ပုန်းလျှက်စစ်ချီ
♥ရိုင်းလိုက်လေမျိုးမစစ်တဲ့အခင်းပေထင့်
ဂိုဏ်းမိုက်တွေဆိုးညစ်တဲ့အချင်းရယ်နဲ့
မျိုးချစ်တသင်းကိုတော့သတ်ခဲ့ပြီ
တပ်ဖွဲ့ဇာနည်တွေမှာတော့
ခြောက်နတ်ရွာသို့မြန်းကြပြီတကား
မြတ်တဲ့သာကီတွေမို့
နောက်ထပ်လာဖို့တမ်းတသည်တကား
♥ ဖြစ်ကြောင်းငယ်ညွှန်
နှစ်ဟောင်းကွယ်လွန်ပေမယ့်
ဆယ့်ကိုး..ခွန်လေးခွန်…နှစ်ကိုတော့
ဖန်ခါခါပြန်ကာစစ်ပါလျှင်ဖြင့်
အမြဲတိုင်သဲဆိုင်မှာနစ်လို့ရယ်
မေ့ပစ်မသွား….
(မြ၀တီရဲခေါင်ရေးသားသည်)
Shareဝေမျှမယ်
ဝေမျှမယ်အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ
ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊
အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု
တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်
၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊
တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့
ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး
သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း [...]
ဝေမျှမယ်
ဆုံမှတ်လွဲခြင်း
မမြင်ချင်ယောင်ဆောင်နေတာ
မကြည့်ချင်လို့မဟုတ်ပါ
မခေါ်ဘဲနေတာ
မပြောချင်လို့မဟုတ်ပါ
မြိုသိပ်နေရတာ
မချစ်လို့တော့မဟုတ်ပါ
ကြည့်မိရင်မလွှဲချင်
ပြောမိရင်မရပ်ချင်
ချစ်မိရင်မမုန်းချင်တာ
မဖြစ်နိုင်တဲ့
အခြေအနေမှာ……
သံယောဇဉ်တွေတိုးလာမှာစိုးလို့ပါ….။
Shareဝေမျှမယ်
ဝေမျှမယ်အချစ် အချစ်
ချစ်တိုင်းချစ်၍
ချစ်လေချစ်လေ
ချစ်မပြေတည်း
ဆားငန်ရေနောက်
ငတ်တိုင်းသောက်က
သောက်လေသောက်လေ
ငတ်မပြေသို့
ပေမအရာ
တဏှာဖွဲ့ရစ်
ထိုအချစ်လည်း
အပြစ်မမြင်
မဆင်ခြင်ဘဲ
ချစ်လျှင်ပေကိုး
ချစ်စပျိုးသည်
ချစ်ရိုးချစ်စဉ်
ချစ်လမ်းတည်း။
Shareဝေမျှမယ်
ဝေမျှမယ်! ခေတ္တခဏကာလငယ်ဟု ၊ တွေးမှတ်ထားခဲ့ပါလျက်……….
ဆံတစ်မျှင်လက်တစ်ကမ်းအကွာအဝေးမှ
………..
ခွာပြေးဖို့ခက်ခဲစေသောအရာက…………..
ရင်ထဲမှာကျယ်ပြန့်စွာ ကိန်းအောင်းနေပြီဟု……..
ကိုယ့်ကိုကိုယ် သိလိုက်ရသည်……..
! ” သံယောဇဉ်” ဟူသည်ကား………………
တစ်ပင်ကိုတစ်ပင်ရှက်နေသည့် နွယ်ပင်ငယ်များပမာ…….
အခွါခက် အခွဲခက်စွာ….အသည်းထက်မှာ……..
ခိုင်မြဲစွာနေရာယူတက်၏………………………..။
Shareဝေမျှမယ်
ဝေမျှမယ်* သံစဉ်တူမျှသည်ဟု ၊ တွေးမှတ်ထားမိသည့်…..
ကျွန်တော့်သီဆိုရာ သီချင်းကို ယခုမှ
သံစဉ်ညီမညီစီစစ်ရပေတော့မည်…..
…
* သံစဉ်မညီခဲ့သည်ရှိသော်
သံစဉ်နိမ့်မြင့် ညီရာညီကြောင်းကို………
မည်သူ့ထံတွင်ခွင့်တောင်းရမည်မသိ
* ချစ်သူတို့၏ စုံတွဲတေးသည် ၊
သံစဉ်ညီမှသီဆိုနိုင်ကောင်း၏…………………။
Shareဝေမျှမယ်
ဝေမျှမယ်ငါတနေ့နေ့မင်းရှေ့မှာ
ဒူးထောက်ကျရှုံးရမယ်ဆိုတာ
သိနေပေမယ့်
ငါ့အလွမ်းတွေက
ပိုသည်းပိုကဲနေလေရဲ့
ဟိုမှာကြည့်စမ်း
လှောင်ပြောင်နေလိုက်ကြတာ
မင်းရဲ့ဥပက္ခာတရားတွေ
ငါ့ရင်ဘတ်ကိုသွေးတိုးလာစမ်း
နေလေရဲ့
ဒီတသက်မဆုံနိုင်ပေမယ့်လဲ
ငါ့မျှော်လင့်ချက်လေးတွေ
ဆက်ရှင်သန်နိုင်အောင်
မင်းပေးသနားပါလားချစ်သူရာ(အလွမ်းမျက်ရည်)
တကယ်တမ်းတော့
သိပ်ချစ်မိသူအဖို့မှာ
ထာဝရအရှုံးဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်
မင်း အပြစ်မြင်မယ်ဆိုလည်းမြင်စေတော့
ဒါပေမယ့် အချစ်တို့တော့ မပေါ့စေရဘူး ….(World mat)
တကယ်တမ်းတော့ငါ့အချစ်တွေကို
မင်းကပေါ့ပျက်ပျက်နိုင်မယ်
ထင်ခဲ့တာမဟုတ်လား
ငါတွေးနေမယ့်ငါရေးနေတဲ့
အကြောင်းတွေမင်းသာဖတ်ခွင့်ရအုန်းမယ်ဆိုရင်
ငါဘယ်လောက်ထိချစ်နေအုန်းမယ်ဆိုတာ
မင်းနားလည်လာမှာပါချစ်သူရာ(အလွမ်းမျက်ရည်)
Shareဝေမျှမယ်
ဝေမျှမယ်Shareဝေမျှမယ်
ပေးခဲ့သောစကားသံလေးများ