Register / Log in
ဝေမျှမယ်

ပြင်သစ်နိုင်ငံသည် ယမန်နေ့က အင်တာနက် တရားမ၀င် ခိုးယူခြင်း အားတားမြစ်သည့်ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့သည်။အင်တာနက်အား ချုပ်ချယ်မှုကို မလိုလားသော အသင်းအဖွဲ့များ၏ပြင်းထန်သောဆန့်ကျင် မှုများကြားမှပင် ၎င်းဥပဒေကို ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်မှ တရားမ၀င် ဆွဲယူကြည့်ရှု့သူများသည် ပထမတွင် email သတိပေးချက် တစ်ခု လက်ခံရရှိမည် ဖြစ်သည်။ ဆက်လက်၍ ကျူးလွန်ပါက စာဖြင့် သ တိပေးခြင်းခံရမည်ဖြစ်သည်။ ရပ်တန့်ခြင်းမရှိပါက တရားရုံးတွင် တရားစွဲ ဆိုခံရမည်။ တရားရုံးက ကျူးလွန်သူအား ဒဏ်ငွေ ချမှတ်ခြင်း သို့မဟုတ် အင်တာနက် ၀င်ရောက်မှုအား ပိတ်ပင်ခြင်းတို့ကို ပြုလုပ်မည် ဖြစ်သည်။ ၎င်းဥပဒေ အကောင်အထည်ဖော်ရန် မူပိုင်ခွင့်အေဂျင်စီတစ်ခု(Hadopi) ကို ဖွဲ့စည်းထားမည်ဖြစ်သည်။ပညာရှင်တို့၏ဖန်တီးမှုလုပ်အားကိုအကာ အကွယ်ပေးရာတွင် ယခုဥပဒေသည် တကမ္ဘာလုံးအတွက်စံနမူနာပြဖြစ် မည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။ (ဘီဘီစီ)

  • Share/Bookmark
ဝေမျှမယ်

0 Responses

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

Some HTML is OK

or, reply to this post via trackback.

Add video comment