Register / Log in
ဝေမျှမယ်

နိုဝင်ဘာ၁၄နေ့ ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့  Saim Paragon ကုန်တိုက်အပေါ်ထပ် ရုပ်ရှင်ရုံတွင် ထိုင်းနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများ အကြောင်းအရာများကို ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ပြသသည်။

ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀ ၀န်းကျင်ခန့် အကွာတွင်ရှိသော ရေထွက်စားသောက်ကုန်များ အဓိက ထုတ်လုပ်ရာ မဟာချိုင်နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အခြေအနေများကို အသေးစိတ် တင်ပြထားသည်။

ဇာတ်ကားအမည်မှာ “Colors of Our Hearts” အရောင်စုံ ကျွန်ုပ်တို့ နှလုံးသားများဖြစ်သည်။ ဇာတ်ကိုထိုင်း အမျိုးသမီး Pim Th’blay paw ကထုတ်လုပ်ပြီး ဒါရိုက်တာ Supamok Silarak က ရိုက်ကူးပြီး မြန်မာ အလုပ်သမားများက သရုပ်ဆောင်ထားကြသည်။

ပြသချိန် ၉၆ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် မဟာချိုင်နယ်မြေတွင် နေထိုင်သော မွန်မိသားစုမှ မွေးဖွားထာသည့် ၉နှစ်အရွယ်ခန့် ကျောင်းသားငယ်တစ်ဦး၏ မိဘများ အခြေအနေကို ဇာတ်လမ်း အစပျိုးထားသည်။

လူလတ်ပိုင်းအရွယ် မွန်လူငယ် “အစိုး” က အလုပ်သမားများ၏ကလေးများကို မွန်စာ၊ မြန်မာစာနှင့် ထိုင်းစာများကို သင်ကြားပြသ ပေးခြင်းအပြင် ရောင်းစားခံရသည့် အလုပ်သမားများနှင့် ပြည့်တန်ဆာခန်း များတွင် ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးငယ်တို့ကို အင်ဂျီအိုအဖွဲ့များ အကူအညီဖြင့် ကယ်တင်ပုံ များကို တင်ပြထားသည်။

ရောင်းစားခံထားရသူများ နေထိုင်ရပုံ၊ စားသောက်ရပုံ တို့အပြင် ပြည့်တန်ဆာအခန်းတွင် ရောင်းစားခံ ထားရသည့် မြန်မာ အမျိုးသမီးငယ်များအား ပိုင်ရှင် ထိုင်းအမျိုးသမီးမှ ရိုက်နှက်ပုံများကိုပါ အသေးစိတ် ရိုက်ကူး ပြသထားသည်။

မဟာချိုင်ဒေသတွင် ဆယ်နှစ်အောက် ကလေးငယ်များကိုပင် မရှောင် ဆိုင်ကယ်စီးထိုင်းရဲများက ဖမ်းဆီး ငွေတောင်းခံပုံများ၊ အလုပ်လုပ်နေရင်း ထိုင်းရဲများ လာရောက်ဖမ်းဆီးသဖြင့် နီးစပ်ရာ ဓနိတောထဲသို့  ၀င်ပြေးကြရပုံများကို ရိုက်ကူး ထားသည်။ လူမှုရေး အသိစိတ်ဓါတ်ဖြင့် ကူညီဆောင်ရွက်ပေးနေသူ အဓိက ဇာတ်ဆောင် အစိုးကို အငှားလူမိုက်များဖြင့် ရိုက်ခိုင်းသည်ကိုလည်း ပြသထားသည်။

ရုပ်ရှင်လာကြည့်သူတစ်ဦးဖြစ်သည့် ကိုဝင်းကို က“မြန်မာအလုပ်သမားများ တွေ ထိုင်းနိုင်ငံအတွင်းကို ဘာကြောင့်လာရသလဲ ဆိုတာကို ပို့ထားတဲ့ဇာတ်ပို့ကွက်က နာဂစ်ဖြစ်ပြီး အကူအညီပေးတဲ့အဖွဲ့ တွေ ကားပေါ်က ပစ်ချတဲ့ စားစရာတွေကို ကားလမ်းမပေါ်မှာ လူကြီးလူငယ်မရွေး လိုက်ပြီးတော့ အလုအယက် လိုက်ကောက်နေကြတာကို ပြတယ်။ ကျနော်တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စရာမရှိလို့ သူတပါး တိုင်းပြည်မှာလာပြီး အလုပ်လုပ်ကြရတဲ့ ကျနော်တို့ အခြေအနေတွေကို နိုင်ငံတကာက သိအောင် ဒီလိုရိုက်ပြတာကို ကျေးဇူးလည်း တင်တယ်။ ၀မ်းလည်းနည်းတယ်။ ရှက်လည်း ရှက်တယ်ဗျာ” ဟု ပြောသည်။

ဇာတ်လမ်းအား ရိုက်ကူးထုတ်လုပ်သူနှင့် ဒါရိုက်တာတို့က “ထိုင်းနိုင်ငံမှာ အပြင်ပန်းအားဖြင့် သာယာနေတယ်။ တိုးတက်နေတယ် နေချင်စဖွယ် ဖြစ်တယ်လို့ အပြင်ပန်းအားဖြင့် လူတွေ မြင်သိနေပေမယ့် အောက်ခြေမှာ အသက်တွေ ဘ၀တွေ ပေးဆပ်နေရတဲ့ မြန်မာအလုပ်သမားတွေ၊ ထမင်းတစ်နပ်ကို လူသားဆန်ဆန် စားသောက်နေထိုင်ခွင့် မရရှိနိုင်တဲ့ အနေအထားတွေကို နိုင်ငံတကာက သိအောင်ဆိုတဲ့ လူသားချင်းစာနာတဲ့ စိတ်ဓါတ်နဲ့  ရိုက်ကူးတင်ဆက်ရတာဖြစ်ပါတယ်” ဟု သတင်းထောက်များနှင့် လေ့လာသူများ အမေးကို ဖြေဆို သွားခဲ့ကြသည်။

သတ္တမအကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပြပွဲတော်ကို ဘန်ကောက်မြို့လယ် Saim Paragon ကုန်တိုက် အပေါ်ထပ်တွင် နိုဝင်ဘာလ ၆ ရက်မှစ၍ ၁၅ ရက်အထိ ပြသမည် ဖြစ်သည်။

ပြီးခဲ့သည် နိုဝင်ဘာလ၁၃ ရက်နေ့ ညနေပိုင်းကလည်း အဆိုပါ ရုပ်ရှင်ပြပွဲတော်တွင် သြစတေလျားနိုင်ငံ အခြေစိုက် ရွှေမီဒီယာ မှ ကိုဇော်ထွန်း ဆိုသူက ပြသချိန် ၂၇ မိနစ်ကြာ The Cross border(2)ဇါတ်ကားကို ကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်ပြီး တင်ဆက်ပြသခဲ့သည်။ The Cross border(1) ဇါတ်လမ်းကို ၂၀၀၂ခုနှစ်တွင် အမေရိကန် ၊ဂျပန်နှင့် နိုင်ငံအချို့တို့ တွင် အလွတ်သဘော ပြသခဲ့ကြောင်း ကိုဇော်ထွန်းက ပြောသည်။

မြန်မာပညာရှင်များနှင့် ထိုင်းပညာရှင်များက ဘန်ကောက်မြို့လယ်တွင်ရှိသော အဆင့်မြင့်ရုပ်ရှင်ရုံတွင် မြန်မာ အလုပ်သမား အကြောင်းအရာများကို ရိုက်ကူး ပြသကြသော်လည်း ဘန်ကောက်မြို့ရှိ အလုပ်သမားများမှာ အဆိုပါ ရုပ်ရှင်ပြပွဲကို သိရှိသူ အထူးနည်းပါးသဖြင့် ပရိတ်သတ် ရောက်သင့်သလောက် မရောက်ဖြစ်နေကြောင်း ပွဲလာသူအချို့က ပြောသည

  • Share/Bookmark
ဝေမျှမယ်

0 Responses

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

Some HTML is OK

or, reply to this post via trackback.

Add video comment