Register / Log in
ဝေမျှမယ်

ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးခန်းတွင်အသက် (၁၅) နှစ်အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့်ပတ်သက်၍ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် (၅) နှစ်ရပ်စဲရန် မြန်မာနိုင်ငံဆေးကောင်စီ အဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ ခွဲစိတ်အထူးကုဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ်ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန်ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သော ရွှေဂုံတိုင် အထူးကုဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသောစနစ်နှင့် လုပ်ကိုင်ချက်များ အားနည်းနေသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါဖြစ်ရပ်များ နောင်တွင် မဖြစ်ပေါ်စေနိုင်ရန် ဆေးကောင်စီက ပြင်းထန်စွာသတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်ထားကြောင်း၊ လုံခြုံစိတ်ချရ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စီစဉ်ဆောင်ရွက်ထားရှိရေးအတွက် သတိပေးရန်လည်း ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ သေဆုံးသူ မခိုင်ရွှန်းလဲ့ရည်၏ မိသားစုဝင်တဦးက ၎င်းတို့အနေဖြင့် မည်သူ့ကိုမျှ မနစ်နာစေလိုကြောင်း ပြောသည်။ အဆိုပါအရေးယူခံရသော ဆရာဝန်ကြီးမှာ ဒေါက်တာကြည်စိုးဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော (၁၅) နှစ်ခန့်အချိန်က အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွင် အလွန်တော်သည့် စေတနာဆရာဝန်တဦးဖြစ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ ဆရာဝန်တဦးက ပြောသည်။ ယခုကဲ့သို အရေးယူသည်ထိဖြစ်စေသော ဖြစ်ရပ်မှာ မြန်မာနိုင်ငံဆေးပညာလောက၌ အလွန် အလားအလာကောင်းသော ဖြစ်ရပ်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောဆိုသည်။ မြန်မာနိုင်ငံဆေးကောင်စီကို ပြည်သူများ ဆေးကုသမှုခံယူခြင်းအပေါ် ကျေနပ်မှုမရှိက တိုင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယင်းနေ့က စတင်၍ မခိုင်ရွန်းလဲ့ရည်ကိစ္စကို တပတ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရေးသားခဲ့ပြီးဖြစ်သည်။

  • Share/Bookmark
ဝေမျှမယ်

0 Responses

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

Some HTML is OK

or, reply to this post via trackback.

Add video comment