Register / Log in
ဝေမျှမယ်
ကျေးဇူးရှင်ဖြူးဆရာတော်ကြီး

ကျေးဇူးရှင်ဖြူးဆရာတော်ကြီး

နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၄ နိုဝင်ဘာ ၂၀၀၉ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။

“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။

  • Share/Bookmark
ဝေမျှမယ်

0 Responses

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

Some HTML is OK

or, reply to this post via trackback.

Add video comment