Register / Log in
ဝေမျှမယ်
ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။
ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။အပျက်အစီးတွေကြားကနေ
ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရား
ဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်
ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေး
အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်
ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။”လူရှိတယ်။
ကလေးတစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ်။
ရှိသမျှခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ
အိပ်ပျော်နေတဲ့ သုံး၊ လေးလသားအရွယ် ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။
ကလေးကိုစစ်ဆေးဖို့ဆရာဝန်တစ်ဦးက ပွေ့ချီလိုက်တယ်ဆိုရင်ပဲ
ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။
ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်…
“သားလေးရေ…တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင်
သားကိုအမေ အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါနော်။”တဲ့။
သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့တယ်။
တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့ မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်
ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက်
ပေးဆပ်သွားခဲ့တာ….သြော်…မိခင်တွေ…မိခင်တွေ……
  • Share/Bookmark
ဝေမျှမယ်
0 Responses
Stay in touch with the conversation, subscribe to the RSS feed for comments on this post.
Some HTML is OK
or, reply to this post via trackback.
Add video comment