ဧရာဝတီငဝန်အမေ့ရင်ခွင်နဲ့ချစ်သူဒါတွေကိုငါအမြဲလွမ်းနေမယ်(Proud To Be A Ayeyarwaddy's)
RSS
Only One But Lion
သနားသလိုအကြည့်၊ ခပ်နှိမ်နှိမ် အပြုံး
ဒီအရယ်၊ ဒီအပြုံး၊ ဒီမျက်လုံးတွေကိုမုန်းတယ်
မြေနိမ့်ရာလှံစိုက်၊ စကားလုံးနဲ့ ပါးရိုက်တတ်တဲ့ သူတွေကိုမုန်းတယ်
ပကာသနတွေနဲ့ အမှောင်ကန့်လန့်ကာချပြီး
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ လောကကြီးကိုမုန်းတယ်
ငွေဆိုတာတစ်ကျပ်တစ်ပြားပိုလည်းထပ်ပြီးမက်စရာမှ မရှိတာ
စိန်တွေ ရွှေတွေ မရှိလည်းငါစိတ်ကူးယဉ်စရာ
တိမ်တွေ ကြယ်တွေနဲ့ သဘာဝတရားကြီး ရှိတယ်
ငါက…… ၀ိုင်ချိုတစ်ခွက်ထက် ကဗျာတစ်ပုဒ်စပ်နေရတာ
ပိုပြီးမက်မောတတ်သူလေ
ငါမုန်းတဲ့ ပတ်ဝန်းကျင်က ငါရှောင်ထွက်တော့ ငါ့ကိုပြောတယ်
“တစ်ကောင်ကြွက်” တဲ့
ဟင့်အင်းဟင့်အင်း ငါငြင်းလိုက်တယ်
ကြွက်ဆိုတာတစ်ကောင်တည်းမှ မနေရဲတာ
ငါက Only One
ဒါပေမယ့် Lion!
ဝေမျှမယ်Stay in touch with the conversation, subscribe to the RSS feed for comments on this post.
ကြိုက်တယ်ကွာ အောက်ကြီး …
August 26, 2009 at 11:51ရေလည်မိုက်တယ် ..