Log in
ဝေမျှမယ်

ရင်ထဲမှာခံစားခက်အောင်

လုပ်ခဲ့တဲ့ချစ်သူရယ်

အိပ်မက်ထဲမှာစစ်ခင်းရင်းနဲ့

မြတ်နိုးမှုတွေနဲ့

ငါ…..ဟိုးခပ်ဝေးဝေးကငေးကြည့်နေပါရစေ

တို့တွေကြုံဆုံခဲ့ရတဲ့

ခဏတာအချိန်လေးမှာ

ငါ့ရဲ့မရိုးသားတဲ့အပြုအမူတွေကို

မတော်တဆများနင်မြင်ခဲ့ရင်

နင်မျက်ဝန်းတွေကိုပိတ်ကာထားပေးပါ

ငါဟာနင့်အတွက်

ဘယ်တော့မှာဟီးရိုးမဖြစ်တော့တဲ့ငါ့ကြောင့်

နင့်ဘ၀ရဲ့သူရဲကောင်းအစစ်ကိုရှာလိုက်ပါ

ချစ်သူရယ်

တချိန်ကနင့်ရဲ့အသံလေးတွေ

ပြန်ကြားရင်လေ

ငါခုချိန်ထိ

ပျော်ရွှင်ကြည်နူးနေဆဲပါ

သီချင်းမကြိုက်တဲ့

နင်ဟာငါ့အတွက်

အလွမ်းသီချင်းလေးတွေ

ဖြစ်နေခဲ့ပြီ

နင်ပြန်လာမလားလို့

မဖြစ်နိုင်မှန်းသိလျှက်နဲ့

ငါ့ရဲ့မနက်ခင်းတိုင်းမှာ

နင့်ကိုမျှော်နေဆဲပါ

ရူးတယ်ပြောပြော

နင်နဲ့အနီးဆုံးနေရာမှာနေချင်တယ်

နင်နဲ့စကားတွေပြောချင်တယ်

နားလည်မှုတွေလွဲခဲ့ပြီး

နင်ငါ့ကိုရွံမုန်းသွားရင်တောင်

ငါကျေနပ်ပါတယ်

နင့်စိတ်ကူးထဲမှာ

နင်အထင်အသေးဆုံးလူထဲမှာ

ဘယ်နေရာမှာဖြစ်ဖြစ်

တခုခုပေါ့

ငါရှိနေရင်ကျေနပ်သွားမှာပါ

ငါကမ်းထားတဲ့လက်ခလေး

တွေကိုကြည့်လိုက်ပါ

သူများတွေပြောတဲ့

မနေ့ကရိုးသားခြင်းများစွာနဲ့

နင့်ကိုစောင့်ကြိုနေတယ်

  • Share/Bookmark
ဝေမျှမယ်

One Response

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

  1. Gunsknow

    Touchful…..

    August 10, 2009 at 03:06

Some HTML is OK

or, reply to this post via trackback.

Add video comment